ဆော်ဒီအာရေဗီးယားနိုင်ငံက Abha လေဆိပ်ကို ဟူသီသူပုန်တွေက အခုလ(၂၃)ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လူ(၂၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက(၂)ဦးကတော့ စိုးရိမ်ရတဲ့အခြေနေမှာရှိတယ်လို့ သိရပါတယ်။ ဆော်ဒီနိုင်ငံရုပ်မြင်သံကြားကထုတ်ပြန်တဲ့ အစောပိုင်းသတင်းတွေအရ ဆီးရီးယားနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး၊ (၂၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အီရန်နဲ့ဆော်ဒီအကြား တင်းမာမှုတွေမြင့်တက်နေချိန် အီရန်နဲ့မဟာမိတ်ဖြစ်တဲ့ ဟူသီသူပုန်တွေက အမေရိကန်နဲ့မဟာမိတ်ဖြစ်တဲ့ ဆော်ဒီမြို့တွေကို ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေ၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Abha လေဆိပ်နဲ့ Jizan လေဆိပ်တို့ကို ဒရုန်းနဲ့ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဟူသီသူပုန်ပိုင် Al Masirah ရုပ်မြင်သံကြားက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
One News Myanmar





No comments:
Post a Comment