Tuesday, June 25, 2019

အရက်အတုပြုလုပ်မှု မြန်မာ ၇ ဦး မလေးရှား ဖမ်းဆီး


အရက်အတုပြုလုပ်တဲ့ဂိုဏ်းကို မလေးရှားနိုင်ငံ ပီနန်မြို့မှာ ရဲက ဖြိုခွင်းလိုက်ပြီး မြန်မာနိုင်ငံသား ခုနှစ်ဦးနဲ့ မလေးရှားနိုင်ငံသားတဦးကို ဖမ်းဆီးလိုက်ပါတယ်။ 
ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတဦးနဲ့ မလေးရှားနိုင်ငံသားတဦးတို့ကို ပထမဆုံးဖမ်းမိခဲ့ပြီးနောက် Jalan Kajang ရှိ ငှားရမ်းထားတဲ့ နှစ်ထပ်အိမ်ကို ၀င်ရောက်ရှာဖွေရာမှာ အသက် ၂၂ ကနေ ၄၇ နှစ်အရွယ် မြန်မာနိုင်ငံသား ခြောက်ဦးကို နိုင်ငံခြားအမှတ်တံဆိပ်မျိုးစုံ အရက်ပုလင်းခွံနဲ့ ဘူးခွံများ အရက်အတုပြုလုပ်ထားတဲ့ ဓါတုပစ္စည်းများထည့်ထားတဲ့ ပလတ်စတစ်ပုံးများကို တွေ့ရှိရပါတယ်။ 
ဖမ်းစီးရမိတဲ့ဂိုဏ်းဝင်တွေဟာ လွန်ခဲ့တဲ့၎နှစ်လောက်ကစပြီး အရက်အတုများပြုလုပ်နေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လတွေအတွင်း ပီနန်းမှာ အရက်အတုသောက်လို့ အဆိပ်သင့်ခဲ့တဲ့ဖြစ်ရပ်များနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ပြောပါတယ်။ 
ပြီးခဲ့တဲ့ဧပြီလကနေ ဇွန်လအတွင်း မက်သနောအဆိပ်သင့်ပြီး သေဆုံးသ ခြောက်ဦးရှိပြီး မြန်မာသုံးဦး အပါအ၀င် လူ ၄၀ ကျော်ဟာ ဆေးကုသခံယူနေဆဲဖြစ်ပါတယ်။ ဒီအရက်အတုဂိုဏ်းမှာ နောက်ကွယ်က ကြိုးကိုင်သူ တဦးရှိမယ်လို့ ရဲက ယူဆထားပြီး ဆက်လက်ရှာဖွေလျက်ရှိပါတယ်။ 
Photo: Zaid AL-OBEIDI / AFP
RFA

No comments:

Post a Comment