ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအတွင်း ဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ် ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေ ဖြင့် အဆိုပါဖြစ်စဉ်ဖြစ်ပေါ်သည့်နေ့မှစ၍ ယနေ့အချိန်အထိ ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနက မိဘများနှင့် ပူးပေါင်း၍ အထူး အလေးထားဆောင်ရွက်လျက်ရှိပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ဆက်လက်ကူညီဆောင် ရွက်သွားမည်ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် မူလတန်းကြိုကျောင်းများတွင် အသက်သုံးနှစ်မှ ငါးနှစ် အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့် မရရှိမီကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သည်။
သတင်း – ကိုသာဗျော
The Standard Time Daily
No comments:
Post a Comment