Wednesday, June 26, 2019

ဌာနဆိုင်ရာများမလိုအပ်ဘဲ သတင်းအချက်အလက်များကို ဖုံးကွယ်မထားရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ သတိပေး


ဌာနဆိုင်ရာများအနေဖြင့် မလိုအပ်ဘဲ သတင်း အချက်လက်များကို ဖုံးကွယ်မထားရန် အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က သတိပေးလိုက်သည်။ 
ဇွန် ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ゞင်းကအထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ 
""ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖြောင့်မတ်တည်ကြည်မှု ဆိုသည်မှာ ပြည်သူလူထု၏ယုံကြည်မှုကိုရယူခြင်းနှင့် ထိုသို့ယုံကြည် မှုကို တာရှည်တည်တံ့ခိုင်မြဲအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ပြည် သူတို့၏ ယုံကြည်မှုရရှိရန်အတွက်ကတော့ ပြည်သူလူထုကို ဝန် ဆောင်မှုပေးလိုတဲ့ စိတ်ကောင်းစေတနာအပြည့်အဝထားရှိရပါ မယ်။ မလိုအပ်ဘဲ သတင်းအချက်အလက်များကို ဖုံးကွယ်ထားခြင်း၊ ပုံဖျက်ခြင်းမပြုရပါဘူး""ဟု ၄င်းကပြောသည်။ 
မိမိအကျိုးနှင့် မိမိအဖွဲ့အစည်း၏အကျိုးကိုသာ ဖြစ်စေသည့် ကိစ္စများကိုလည်း ရှောင်ရှားဖို့ ゞင်းက သတိပေးသည်။ 
ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကုမ္ပဏီကြီးများအ နေဖြင့်လည်း အဂတိရှင်းရှင်း၊ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ၄င်းက ပြောသည်။ 
အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုသည် နယ် စပ်ဒေသများတွင် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ တောရိုင်းတိရစ္ဆာန် ကုန်ကူးမှု၊ တရားမဝင်ကုန်သွယ်မှုနှင့် အခြားနယ်စပ် ဖြတ်ကျော် အုပ်စုဖွဲ့ ကျူးလွန်သော ပြစ်မှုအားလုံးလိုလိုနှင့် ဆက်စပ်ပြီး ရှုပ် ထွေးသော ကွင်းဆက်များ၏အခြေခံပြဿနာအဖြစ် တည်ရှိနေ သည်ကိုအားလုံးအသိဖြစ်ကြောင်း၊ ယင်းကွင်းဆက်များ၏ ဆိုးကျိုး များသည် တစ်နိုင်ငံလုံးကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ယင်း ပြဿနာများကို ဖြေရှင်းရာတွင်လည်း အခက်အခဲရှိကြောင်း ゞင်း ကဆိုသည်။ 
HWA 
#Democracytoday

No comments:

Post a Comment