စပိန်နိုင်ငံတောင်ပိုင်း ကာတာလိုးနီးယားပြည်နယ် တာရာဂွန်နာဒေသမှာ ဇွန်လ ၂၆ ရက်နေ့က တောမီး အကြီးအကျယ်လောင်ပြီး မြေဟက်တာ ၃၆၀၀ ထက်မနည်း လောင်ကျွမ်းခဲ့ပါတယ်။
တောမီးကြောင့် လူ ၂၆ ယောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကာတာလိုးနီးယား ပြည်ထဲရေးဌာန အကြီးအကဲက ဒေသရုပ်သံ TV3 ကို ပြောပါတယ်။
အဲဒီအတွက် မီးသတ်သမား အယောက် ၂၆၀၊ မီးသတ်ယာဉ် အစီး ၆၀၊ လေယာဉ် ၁၅ စီးတို့နဲ့ တောမီးကို ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။
ဒါ့အပြင် ရာသီဥတု ပူပြင်းနေတာကြောင့် မီးသတ်ရာမှာ အဟန့်အတား ဖြစ်နေတယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။
ကာတာလိုးနီးယားဒေသ ကောင်စီဝင်က စုစုပေါင်း မြေဟက်တာ ၂၀,၀၀၀ မီးလောင်ကျွမ်းနိုင်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
တောမီးလောင်ရာ လယ်တောတခုက သိုးတွေ၊ မြင်းတွေ သေဆုံးခဲ့တယ်လို့ ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ တောမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment