ဆော - ကျောက်ထု ကားလမ်မပေါ် မိုင်တိုင်အမှတ် ၉ မိုင် ၃ဖာလုံ နှင့် ၄ ဖာလုံကြား ချောင်းခွစခန်းဟောင်းတွင် ဆယ်ဘီကားယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသား ၁၀ ကျော် ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်း ဆော့မြို့ သစ်တောဦးစီးထံမှ သိရသည်။
''တရားခံဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ အမှုဖွင့်သွားမှာပါ။ ယာဉ်နှင့်ပတ်သက်ပြီးတော့လည်း တရားဝင်လိုင်စင် ရှိ၊ မရှိ သက်ဆိုင်ရာ ကညန ကို ပေးသွားမှာပါ'' ဟု ယင်းမြို့သစ်တောဦးစီးမှူး ဦးမောင်ငယ်က ပြောကြားသည်။
ယင်း ၁၀ ဘီးယာဉ်ကားပေါ်တွင် ပိတောက်ခွဲသား ၁၀၇ ချောင်း၊ သစ်တန် ၁၀ ဒသမ ၈၂၆ တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းထားရှိသည်။
ဓါတ်ပုံ - သစ်တော
The Voice

No comments:
Post a Comment