Wednesday, July 31, 2019

AA အဖွဲ့ထံမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ဘေးရှောင် ၁၂ ဦး အား ပလက်ဝမြို့သစ်စီမံကိန်၌ နေရာချထားပေး



AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက် လာသည့် အိမ်ထောင်စု ၄ စု လူဦးရေး ၁၂ ဦးအား ပလက်ဝမြို့သစ် စီမံကိန်းတွင် နေရာချထား ပေးထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က The Ladies News သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက ပလက်ဝမြို့နယ်အတွင်းမှ ကတင်းတလင်းရွာသား ၅၄ ဦးသည် AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံခဲ့ရသည်။ ထို့သို့ ဖမ်းဆီးသွားပြီးနောက်တွင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ထို့နောက်မူ ဇူလိုင်လ လဆန်း ပိုင်းတွင် ၁၂ ဦး ထပ်မံထွက်ပြေး လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
`ဖမ်းသွားတဲ့ ၅၄ ဦးထဲကနေ ၁၂ ဦးလွတ်လာတယ် အဲဒါကို ပလက်ဝ မှာပဲ နေရာချပေးတယ် သူတို့အိမ်ဆောက်နေပြီ`ဟု ၀န်ကြီးဦးစိုးထက် ကပြောကြာသည်။
ချင်းပြည်နယ်အစိုးရ အဖွဲ့၏ စာရင်းဇယားများအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၄၀၀ ကျာ် ရှိနေကြောင်း သိရသည်။
စစ်ဘေးရှာင်များသည် IDP စခန်းများတွင် နေထိုင်ကျခြင်းမဟုတ်ဘဲ နီးစပ်ရာဆွေးမျိုးသားချင်း အိမ်များနေထိုင်ကျခြင်းဖြစ်ကြောင်းနှင့် ၄င်းတို့၏ စားဝတ်နေရေးအတွက် အစဉ်ပြေစေရန်အတွက် တတ်သလောက်ထောက်ပံ့သွားမည်ဟု ဆိုသည်။
`စစ်ဘေးရှောင်က IDP Camp နဲ့ နေတာမဟုတ်ဘူး။ ဆွေးမျိုးသားချင်း အိမ်မှာနေကျတာမျိုးဖြစ်တော့။ အဲဒီအတွက်ကတော့ ကျွန်တော်တို့ ကတေ့ န.တ.လ နဲ့ လူမှုဝန်ထမ်းကနေ လစဉ်ထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုး နိုင်ငံတော်အစီအစဉ်နဲ့ ထောက်ပံ့တာရှိမယ်။ ကျွန်တော်တို့ ချင်းပြည်နယ် အစိုးရကနိုင်သလောက် ထောက်ပံ့တာ ရှိမယ်။ နောက်ပြီးတော့ NGO တို့၊ ဘာသာရေး အဖွဲ့အစည်းတို့၊ ကုမ္ပဏီတွေကနေေ ထာက်ပံ့တာတွေရှိတယ်။ အဲဒါကိုတော့ သူတို့ရဲ့ စာဝတ်နေရေး အဆင်ပြေဖို့အတွက်။ နောက်သူတို့ရဲ့ အိမ်ရာ တိုးချဲ့ ဆောက်လုပ်မှုအတွက် အဲဒါလေးတွေတော့ နိုင်သလောက် ထောက်ပံ့သွားမယ်` ဟု ၀န်ကြီးဦးစိုးထက် က ပြောကြားသည်။
စစ်ဘေးရှောင်များကို အကူအညီပေးနေသော အရပ်အဖက် အဖွဲ့အစည်း များ၏ စာရင်းဇယာများထဲတွင်မူ ပလက်ဝမြို့နယ်၌ စစ်ဘေးရှာင်းဦးရေး ၃၄၀၀ ကျော်ရှိသည်ဟု ဖေါ်ပြထားသည်။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ် နည်းတူ အင်တာနက်လိုင်းများ ယာယီပိတ်သိမ်းခြင်းကိုလည်း ခံထားရသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment