
ထိုင်းနိုင်ငံရှိမိုးခေါင်ရေရှားဒေသများအထောက်အကူဖြစ်စေ ရေးအတွက် မြစ်ရေများလွှတ်ပေးရန် မြန်မာအပါအဝင် တ
ရုတ်နှင့် လာအိုနိုင်ငံများသို့ မေတ္တာရပ်ခံတောင်းဆိုထားပြီး အစိုးရအချင်းချင်းဆွေးနွေးမှု့ များပြုလုပ်နေကြောင်း ထိုင်းဝန်
ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာကပြောကြားလိုက်သည်။
ထိုင်းနိုင်ငံရှိ အနိမ့်ပိုင်းဒေသများသို့ ရေများရောက်ရှိရန် မြန် မာ၊ တရုတ်၊ လာအိုနိုင်ငံများမှ သိုလှောင်ထားသည့်ရေများကိုဖွင့်လွှတ်ပေးရန်အစိုးရများအချင်းချင်းဆွေးနွေးနေခြင်းဖြစ် သည်။
အဆိုပါနိုင်ငံများအနေဖြင့် သိုလှောင်ထားသည့်အရန်ရေပမာဏမှာ အကန့် အသတ်ဖြင့်သာရှိသော်လည်း အစိုးရများက ကောင်းစွာပူးပေါင်းဆောင်ရွက်ပေးကြသည်ဟု ပရာယွတ်က ဖွင့်ဟပြောကြားခဲ့သည်။
မြန်မာ၊ တရုတ်နှင့်လာအိုနိုင်ငံများမှသိုလှောင်ထားသည့် ရေများကို ရရှိရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားရေအရင်းအမြစ်ဦးစီးဌာနကဆွေးနွေးမှု့ များကို ဆက် လက်ပြုလုပ်နေသည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
ထိုင်းနိုင်ငံမှလယ်ယာမြေများ၏ ၄၀ ရာခိုင်နှုန်းများသို့ သာရေတင်သွင်း/ဝင်ရောက်သည့်အတွက်လည်း တောင်သူ/
လယ်သမားများ၏ စားဝတ်နေရေးအတွက်စိုးရိမ်နေသည်ဟု ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်ကဖွင့်ဟသည်။
" လယ်သမားတွေအတွက် ကျွန်တော်စိုးရိမ်နေပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သူတို့ (လယ်သမားများ)က အများကြီးရင်းနှီးမြှပ်နှံထားပြီး ရေရရှိမှု့ က နည်းပါးနေလို့ ပါ။
ရေအရင်းအမြစ်တွေကိုရေရှည်ဖြန့် ပေးနိုင်ဖို့ နဲ့ လယ်သမား တွေကို အကာအကွယ်ပေးနိုင်ဖို့ အတွက် ဆည်မြောင်းရေအသွင်းအထုတ်တွေကို ထိန်းချုပ်ကန့် သတ်ရမှာပါ။ ပျက်စီးဆုံးရှုံးမှု့ တွေသက်သာနည်းပါးစေဖို့ အတွက်လည်း အစိုးရအနေနဲ့  ထောက်ပံ့ကူညီသွားမှာပါ" ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
ထိုင်းနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်းနှင့်အလယ်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု့ နည်းပါးနေခြင်းကြောင့် အဆိုပါ ဒေသများရှိပြည်နယ် ၂၀ မှ လယ်ယာမြေကွက် ၁၀ သန်းကျော်မှာစိုက်ပျိုးရန်ခက်ခဲသည့်ဒုက္ခများနှင့်ရင်ဆိုင်နေရသည် ဟုလည်း ထိုင်းနိုင်ငံဆန်အဖွဲ့ ချုပ်၏ အထွေထွေဒါရိုက်တာ Prasong Prapaitrakul က ပြောကြားထားသည်။
လာမည့်သြဂုတ်လဆန်းအထိ မိုးရွာသွန်းမှု့ ဆက်လက်နည်းပါးနေမည်ဆိုပါက ရေလိုအပ်မှု့ မှာပို၍ကြီးမားလာမည်ဖြစ်ပြီး နိုင်ငံ၏ဆန်ထုတ်လုပ်မှု့ လည်း ကျဆင်းသွားမည်ဖြစ်ကာ ယခု၂၀၁၉ ဒုတိယနှစ်ဝက်အတွင်းဆန်ဈေးနှုန်းများမြင့်တက် လာလိမ့်မည်ဟုလည်း ထိုင်းဆန်ပြည်ပတင်ပို့ ရေးဖွဲ့ ချုပ်မှ သတိပေးထားသည်။


Refး Bangkok Post
The Ladies News






0 comments:
Post a Comment