Thursday, July 25, 2019

စင်္ကာပူမှပြန်ပို့ခံရသူ ရခိုင်လူမျိုး ၆ ဦးအား ဇူလိုင် ၂၆ ရက်နေ့ ရုံးထုတ်မည်

စင်္ကာပူမှ ပြန်ပို့ခံရပြီး ဆက်လက်ထိန်းသိမ်း စစ်ဆေးခံနေရသည့် ရခိုင်လူမျိုး ၆ ဦးကို ဇူလိုင် ၂၆ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဟု သတင်း ရရှိသည်။

ကိုတင်လိုင်ဦးဖခင်ဖြစ်သူ ဆရာဦးထွန်းတင် (အထကပြငြိမ်း) က “ ကျွန်တော်တို့ကိုတော့ နံနက် ၉ နာရီ အရောက် တရားရုံးကို လာပါလို့ တော့ ပြောထားတယ်။ ဇူလိုင် ၁၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ရမန်ယူထားတယ်။ မနက်ဖြန် ရမန်ဆက်ယူမလား၊ တရားစွဲမလားဆိုတာတော့ ကျွန်တော် မသိရသေးပါဘူး” ဟု ပြောကြားသည်။

စင်္ကာပူမှ ပြန်ပို့ခံရပြီး ဖမ်းဆီးခံထားရသူများမှာ  ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ဒုဥက္ကဋ္ဌ မမေကြီး(ခ) မမေမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုအောင်မြတ်ကျော်၊ ကိုအေးထွန်း နှင့်ရဲကျော်ထက် တို့ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးစလုံးသည် မြန်မာနိုင်ငံကို ပြန်ပို့ခံရပြီးနောက် ဇူလိုင် ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရသည်။


Narinjara

0 comments:

Post a Comment