ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးက ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းကို ဝေဖန်ခြင်းမှာ ညီညွတ်ချင်စိတ် မရှိ၍ ဖြစ်ကြောင်း မန်းလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တုံ့ပြန်ပြောဆိုလိုက်သည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်သော GOLD AYA မော်တော်ကားထုပ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် လတ်တလော ပုဂံယူနက်ဝင်မှုအပေါ် အငြင်းပွားနေမှုများကို ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ယူနက်စကို ဝင်တာ ကောင်းတဲ့အလုပ်ဗျ။ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလဲ။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးထဲမှာ ရှိတဲ့ ပုဂံ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် မကောင်း ပြောကြတယ်။ ညီညွတ်ချင်တဲ့စိတ် မရှိဘူးဗျ။ မြန်မာနိုင်ငံကို မချစ်လို့ဗျ”ဟု ၄င်းက ဆိုသည်။
ယခုရက်ပိုင်းအတွင်း သီတဂူဆရာတော်ကြီး၏ ပုဂံ ယူနက်စကို ဝင်မှုအပေါ် ပြောကြားချက်ကို အခြေခံ၍ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဝေဖန်ပြောဆိုမှုများ မြှင့်တက်လျက်ရှိသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့တွင် ဇူလိုင်လ ၆ ရက်နေ့က ကျင်းပပြုလုပ်သည့် ၄၃ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးတွင် အမှတ်စဉ် ၁၁၀၇ ဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ခဲ့သည်။
The Voice
No comments:
Post a Comment