ထိုင်းနိုင်ငံတောင်ပိုင်း အစ္စလာမ္မစ် လက်နက်ကိုင်များ လှုပ်ရှားတဲ့ ပါတာနီခရိုင်မှာ စစ်တပ်စခန်းတစ်ခုကို လက်နက်ကိုင်များ အင်္ဂါနေ့ညပိုင်းက ၀င်ရောက်တိုက်ခိုက်တာကြောင့် လေးဦး သေဆုံးပါတယ်။
တိုက်ပွဲမှာ ကျဆုံးသူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးဟာ တိုက်ပွဲဖြစ်ပွားချိန်မှာကျဆုံးပြီး စစ်သည်တစ်ဦးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နောက်တစ်ဦးဟာ ဒဏ်ရာဖြင့်ဆေးရုံကိုပို့ခဲ့ပြီးနောက် သေဆုံးသွားတာပါ။ နောက်ထပ်ဒဏ်ရာရရှိသူ သုံးဦးဟာလည်း ပြည်သူ့စစ်တွေဖြစ်ပါတယ်။
လာရောက်တိုက်ခိုက်တဲ့အဖွဲ့မှာ အင်အားဘယ်နှစ်ယောက်လောက်ပါတယ်ဆိုတာ မသိရဘူးလို့ ပါတာနီ ရဲဌာနအကြီးအကဲက ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ မော်တော်ဆိုင်ကယ်များနဲ့ လာရောက်ပြီး ပထမဆုံး စခန်းအတွင်းကို လက်ပစ်ဗုံးများနဲ့ပစ်ခတ်ပြီး ပေါက်ကွဲချိန်မှာ သေနတ်များနဲ့ ဆက်လက်ပစ်ခဲ့ပါတယ်။ အပြန်အလှန်ပစ်တဲ့ တိုက်ပွဲဟာ မိနစ်အနည်းငယ်လောက် ကြာမြင့်ပြီးနောက် လက်နက်ကိုင်များ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ထိုင်နိုင်ငံတောင်ပိုင်း ပါတာနီ၊ ရာလနဲ့ နရာသီဝပ်ဒေသတွေမှာ ၂၀၀၄ ခုနှစ်လောက်ကစပြီး လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူ ၇၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
Photo: HANDOUT / AFP PHOTO / AFP
RFA







0 comments:
Post a Comment