Tuesday, July 30, 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တွေဆွေးနွေး



(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ အချက်တွေကို ဇူလိုင်(၃၀)ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။
အစီရင်ခံစာကိုဆွေးနွေးဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်(၄၂)ဦးက အမည်စာရင်း ပေးသွင်းခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်(၂၁)ဦးတို့က ဆွေးနွေးကြပါတယ်။

အစီရင်ခံစာပါ အချက်တွေကို လွှတ်တော်တွင်း ဆွေးနွေးရာမှာတော့ ပူးပေါင်းကော်မတီ ဖွဲ့စည်းတာနဲ့ အစီရင်ခံတင်သွင်းတာကို တောက်လျှောက် ကန့်ကွက်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေ အများဆုံးဆွေးနွေးခဲ့ကြပါတယ်။
အစီရင်ခံစာကိုဆွေးနွေးရာမှာတော့ ပထမက အမည်စာရင်းပေးသွင်းထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်တော့ပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက(၁၁)ယောက်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီက (၄)ယောက်၊ ရခိုင်အမျိုးသားပါတီက(၂)ယောက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက(၂)ယောက်နဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်(၂)ယောက် တို့ ဆွေးနွေးကြခဲ့ကြပါတယ်။

သတင်း - သိန်းကိုလွင်၊ ငြိမ်းချမ်းအောင်
One News Myanmar

No comments:

Post a Comment