Monday, July 1, 2019

သီရိလင်္ကာ ဗုံးခွဲမှု အရာရှိနှစ်ဦးကို ပေါ့လျော့မှုနဲ့ တရားစွဲ


သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော်ရက်အတွင်း လူ ၂၅၈ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်ဗုံးခွဲမှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲအရာရှိတစ်ဦးနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးကို လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ 
ဒေသတွင်း ဂျီဟတ်အဖွဲ့တစ်ဖွဲ့ရဲ့ ဧပြီလ ၂၁ ရက်နေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ကြိုတင် သတိပေးတာတွေ ပေါ်ပေါက်ခဲ့ပေမယ့် အရေးမထား လစ်လျူရှုခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး တို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။ 

အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိနေကြောင်း အိန္ဒိယဘက်က သတိပေးခဲ့တာဖြစ်ပါတယ်။ 
အဲဒီနောက် ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်းနဲ့ ဟိုတယ် သုံးခု ဗုံးခွဲခံခဲ့ရတာပါ။ 

Photo: LAKRUWAN WANNIARACHCHI / AFP 
(ကိုလံဘိုက ဘုရားကျောင်းမှာ လုံခြုံရေးယူနေတဲ့ သီရိလင်္ကာ စစ်သားတစ်ဦးကို တွေ့ရစဉ်)
RFA

No comments:

Post a Comment