Tuesday, July 2, 2019

မိုဘိုင်းဖုန်းဘူးခွံပေါ် အခွန်တံဆိပ်ကပ်နှိပ်ရောင်းချရန် ညှိနှိုင်းသဘောတူ


မိုဘိုင်းဖုန်းဘူးခွံတွေပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်တံဆိပ် ကပ်နှိပ်ရောင်းချဖို့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူး ဦးကျော်ဆန်းဦးက ပြောပါတယ်။ 
လက်ကိုင်ဖုန်းဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတဲ့ အရောင်းပြေစာတွေပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချဖို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနကနေ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းကနေပြီး လုပ်ငန်းရှင်တွေ ပိုမို လွယ်ကူစေဖို့၊ ကုန်သွယ်လုပ်ငန်းခွန် ပိုမိုကောက်ခံနိုင်စေဖို့နဲ့ တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်နိုင် ဖို့ သက်ဆိုင်ရာ အခွန်ဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ဘဏ်နဲ့ငွေရေးကြေးရေး ကော်မတီတို့ကို တင်ပြညှိနှိုင်းခဲ့တာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို ပြုလုပ်ရာမှာ တံဆိပ်ကပ်တဲ့ နေရာသာပြောင်းသွားပြီး အခွန်ပမာဏကတော့ ပြောင်းလဲမှုမရှိဘူးလို့ ပြောပါတယ်။

DVB

No comments:

Post a Comment