Tuesday, July 2, 2019

ဟောင်ကောင်ပြည်သူ၏အခွင့်အရေး မလေးစားပါက အကျိုးဆက်ခံစားရမည်ဟု တရုတ်ကို ဗြိတိန် သတိပေး


ဟောင်ကောင်ပြည်သူတွေရဲ့ အခွင့်အရေးကို မလေးစားပါက တရုတ်အစိုးရဟာ အကျိုးဆက်တွေ ခံစားရလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်က ဇူလိုင် ၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ 
ဗြိတိန်ဟာ တနိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်မှုကို လိုက်နာတဲ့ နိုင်ငံတကာဥပဒေအရ စည်းနှောင်တဲ့ သဘောတူညီချက်ကို ၁၉၈၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟန့်က ပြောပါတယ်။ 

အဲဒီဥပဒေဟာ ဟောင်ကောင် ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဗြိတိန်က အဲဒီသဘောတူညီချက် နဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ထောက်ခံတယ်လို့ ဟန့်ကပြောပါတယ်။ 

တကယ်လို့ နိုင်ငံတကာ ဥပဒေအရစည်းနှောင်တဲ့ ဥပဒေကို မလေးစားမလိုက်နာရင် တရုတ်အစိုးရအနေနဲ့ အကျိုးဆက်တွေကို ခံစားရမယ်လို့ ဟန့်က ပြောခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဟန့်က တရားခံလွှဲပြောင်းရေးဥပဒေနဲ့ ပတ်သက်လို့ ဟောင်ကောင်ပြည်သူတွေ စိုးရိမ်ပူပန်နေတာကို နားလည်တယ်လို့ ဆိုပါတယ်။ 

ဟောင်ကောင်ရဲ့ အောင်မြင်မှုဟာ အားကောင်းတဲ့ စီးပွားရေးအပေါ် အခြေခံတဲ့အတွက် ညကမြင်တွေ့ရတဲ့ အကြမ်းဖက်မှုကို ရှုတ်ချသလို သူတို့လွတ်လပ်မှုနဲ့ ပတ်သက်လို့ ဟောင်ကောင်ပြည်သူတွေ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်တာကိုလည်း သဘောပေါက်တယ်လို့ ဟန့်က ပြောပါတယ်။ 

ဒါကြောင့် သူတို့ချီတက်ဆန္ဒပြပြီး စိုးရိမ်စိတ်တွေကို လျော့ပါးအောင်လုပ်တာကိုလည်း နားလည်တယ်လို့ ဟန့်က ဆိုပါတယ်။

DVB

0 comments:

Post a Comment