ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးအတွက် လက်ကမ်းစာစောင်ဝေငှခြင်း ကမ်ပိန်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်၊ နံနက်ပိုင်းက မန္တလေးမြို့ ၊၃၈လမ်း၃၉လမ်းကြား၊မန္တလေးတက္ကသိုလ်အနီးတွင် ပြုလုပ်စဉ်။
အဆိုပါ ကမ်ပိန်းကို မန္တလေးမြို့ရှိ လူစည်ကားရာနေရာများတွင် လိုက်လံဝေငှခြင်းများပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအဝှမ်း မြို့ကြီးများတွင်လည်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ဆုံဆည် အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
မန္တလေးတွင်ပြုလုပ်သောကမ်ပိန်းတွင် မြစ်ဆုံဆည်အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် မှဦးဆောင်ကာ အရပ်ဖက်အဖွဲ့အစည်းအချို့မှ ပူးပေါင်းပါဝင်ပြီး လက်ကမ်းစာစောင်များကို လိုက်လံဝေငှ ခဲ့ကြသည်။
Mizzima - News in Burmese







No comments:
Post a Comment