Wednesday, July 31, 2019

ခြေ/ဥ ကို တက်လာသည့်အစိုးရတိုင်း/လွှတ်တော်တိုင်း ပြင်ဆင်နေပါက နိုင်ငံတော်သည် ဟိုလိုလိုဒီလိုလိုနှင့် ချာလည်ရမ်းနေမည်ဟု ဝန်ကြီးဟောင်း ဦးစိုးသိန်း ပြော


Image may contain: 8 people, people sitting
ဖွဲ့စည်းပုံအခြေခံဥပဒေကို တက်လာသည့်အစိုးရတိုင်း/လွှတ်တော်တိုင်း ပြင်ဆင်နေပါက နိုင်ငံတော်သည် ဟိုလိုလိုဒီလိုလိုနှင့် ချာလည်ရမ်းနေမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောသည်။
ယနေ့ ကျင်းပပြုလုပ်နေသည့် နေပြည်တော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာ ၎င်းကအထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မည် ပယ်ဖျက်မည် ဆိုပါက လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား ညှိညှိနှိုင်းနှိုင်းအချိန်ယူဆောင်ရွက်ရန်လိုကြောင်း ဦးစိုးသိန်းက ဆိုသည်။

"တက်လာတဲ့အစိုးရတိုင်း လွှတ်တော်တိုင်းပြင်ဆင်နေမယ်ဆိုရင် နိုင်ငံတော်ဟာ ဟိုလိုလို ဒီလိုလို နဲ့ ချာလည်ရမ်းနေပါလိမ့်မယ်။ အထူးသဖြင့် Emotional sence နဲ့အခြေမခံသင့်သလို လူမျိုးစွဲပါတီစွဲအစွန်းမရောက်ဖို့ သတိပြုသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ပြင်ဆင်လိုသည့်အချက်များတွင် နိုင်ငံတော်သမ္မတကို ဗီတိုအာဏာပေးရေး အတွက်လည်း ဦးစိုးသိန်းက ပြောခဲ့သည်။

လူဦးရေတစ်သိန်းအထက်ရှိသော တိုင်းရင်းသားအားလုံးကို ပြည်နယ်ပေးရန် ၊ လီဆူးပြည်နယ်၊ ရ၀မ်ပြည်နယ်၊ ၀ပြည်နယ်၊ လားဟူပြည်နယ် ၊ကိုးကန့်ပြည်နယ်၊ တိုင်းလျန်ရှမ်းနီပြည်နယ် စသဖြင့် ပြည်နယ်များပေးရန် နှင့် ဗမာတိုင်းရင်းသားများအတွက် ဗမာပြည်နယ်သတ်မှတ်ရန်ကိစ္စကိုလည်း သဘောတူကြောင်း ဦးစိုးသိန်းကပြောကြားခဲ့သည်။

Photo Credit-Thiha min wai

No comments:

Post a Comment