ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာတဲ့အနေနဲ့ ရန်ကုန်မြို့ ဆရာစံလမ်းမှာရှိတဲ့ မြောက်ကိုရီးယားစားသောက်ဆိုင်တစ်ခုကို ၂၀၁၈ခုနှစ်အတွင်းက မြန်မာအစိုးရက ပိတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက် ရက်စွဲနဲ့ထုတ်ပြန်ပေးထားချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစားသောက်ဆိုင် နာမည်က Pyongyang Koryo ဖြစ်ပြီး ၂၀၁၈ခုနှစ်အစောပိုင်းမှာ မြန်မာအစိုးက ပိတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ကုလသမဂ္ဂ ၁၇၁၈ ကော်မတီကပြောပါတယ်။ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာမှုရှိတယ်ဆိုတာကို မြန်မာအစိုးရက အစီရင်ခံ တင်ပြခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယာနိုင်ငံသား (၂၁)ယောက်ရဲ့နေထိုင်ခွင့်ကိုလည်း သက်တမ်းတိုးမပေးခဲ့ကြောင်း၊ သူတို့အားလုံးဟာ မြန်မာနိုင်ငံကနေ ၂၀၁၈ခုနှစ် မတ်(၂၅)ရက်နေ့က ထွက်ခွာသွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာဟာ မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုချမှတ်ထားတဲ့ လုံခြုရေးကောင်စီကို မြန်မာအစိုးရက ဒုတိယမြောက်တင်သွင်းခဲ့တဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်။
၂၀၁၇ခုနှစ်အောက်တိုဘာလအတွင်းက မြန်မာအစိုးရက လုံခြုံရေးကောင်စီကို ပထမမအကြိမ်အစီရင်ခံစာတင်သွင်းခဲ့ရမှာလည်း မြန်မာနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးမှာ အလုပ်လုပ်နေတဲ့ သံတမန်တစ်ဦးဟာ မြောက်ကိုရီးယားလက်နက် အရောင်းအ၀ယ်လုပ်နေသူ တစ်ဦးဖြစ်တယ်လို့ တွေ့ရှိတာကြောင့် နှင်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားနဲ့ မြန်မာ နီးကပ်တဲ့ ဆက်ဆံရေးကတော့ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ လက်ရှိ မြောက်ကိုရီးယား သံအမတ်ကြီး Jong Ho Bom နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာ၊ နိုင်ငံရေးရာဌာနက ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလကစပြီး နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးပြီ လို့ nknews သတင်းမှာ ဖော်ပြထားပါတယ်။ ။
Translated by : Pyae Sone
Photo : nknews
One News Myanmar







0 comments:
Post a Comment