Thursday, July 25, 2019

ရေဘေးသင့်ဒေသနှစ်ခုအပါအ၀င် ဒေသကိုးခု မိုးကြီးနိုင်ကြောင်း သတိပေး

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းဆက် လက်ရှိနေပြီး ရေဘေးသင့်ဒေသ နှစ်ခုအပါအ၀င် တိုင်းဒေသကြီး နှင့်ပြည်နယ်ကိုးခုတွင် မိုးကြီးနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဒေသ အလိုက်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက ဇူလိုင် ၂၅ ရက် တွင် သတိပေးထားသည်။ လက် ရှိ၌ မွန်ပြည်နယ်နှင့် ဧရာဝတီ တိုင်းမြို့နယ်အချို့တွင် ရေကြီး နစ်မြုပ်မှုကြုံတွေ့နေရသည်။
ဇူလိုင် ၂၂ ရက်က စတင် ဖြစ်ပွားသော လေဖိအားနည်းရပ် ၀န်းသည် ဇူလိုင် ၂၅ ရက်တွင် အိန္ဒိယကမ်းရိုးတန်းဘက်ဖြစ် သော ဘင်္ဂလားပင်လယ်အော်အ နောက်မြောက်ပိုင်းသို့ ရွေ့လျား နေပြီး မုန်တိုင်းဖြစ်လာရန် အ လားအလာလျော့ကျလာကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။
‘‘မုန်တိုင်းဖြစ်နိုင်ခြေနည်း ပေမယ့် မိုးကဆက်ကောင်းနေနိုင် တယ်။ အထူးသဖြင့် ချင်းနဲ့ရခိုင် မှာ မိုးပိုလာနိုင်တယ်’’ ဟု ဒေါက် တာထွန်းလွင်က သတိပေးသည်။
လက်ရှိ၌ ဧရာဝတီ၊ င၀န်၊ တိုးမြစ်နှင့် ဘီးလင်းမြစ်ရေမြင့် တက်နေ၍ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့မှ ၁၅ မြို့နယ်တွင် လူဦးရေသုံးသောင်းခန့် ရေဘေး ကြုံတွေ့နေရသည်ဟု ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာနစာရင်း များတွင် ဖော်ပြထားသည်။

7Day

No comments:

Post a Comment