နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက အမှုဖွင့်ထားကြောင်း ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Daily Eleven သတင်းစာကို ဇူလိုင် (၂) ရက်က အတည်ပြု ပြောကြားသည်။
ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့အား ရဲစခန်းမှာ နိုင်လွတ်/လုံ ဥပဒေပုဒ်မနှင့် သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက အမှုဖွင့်ထားတယ် ဆိုတာ ဟုတ်ပါသလား ဆိုသည့် မေးမြန်းမှုကို “အမှုဖွင့်ထားတာ ဟုတ်တယ်။ လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာရယ်၊ ၎င်းတို့ရဲ့ ဂုဏ်သက္ခာပိုင်းအရရယ်ကြောင့် ပြောပြလို့ မရသေးဘူး။ ဦးလှဆွေ အပါအဝင် သုံးဦးကို နိုင်လွတ်/လုံ ၁၀ နဲ့ ဖွင့်ထားတယ်” ဟု ဥတ္တရသီရိမြို့နယ် ပတ္တာရဲခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
ပတ္တာရဲစခန်းမှ ရဲအရာရှိ တစ်ဦးက“ တစ်ရက်တည်း ဦးရွှေမန်းရဲ့တပည့် ကားမောင်းက မျိုးမင်းလတ်က တရားလို ဖွင့်လုပ်တယ်။ Facebook ၎င်းတို့ရဲ့ ပြောဆိုမှုတွေကမှာ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်မှုတွေကို ချိုးဖောက်တာကြောင့် ဖွင့်တာဖြစ်တယ်။ ဦးရဲထွဋ် ၊ ဦးလှဆွေ ၊ ဦးဘိုဘိုကျော်ငြိမ်း သုံးဦးကို ဖွင့်ထားတယ်” ဟု ပြောကြားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးလှဆွေ၏ နေအိမ်သို့ ပတ္တာရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခြင်းကြောင့် ယင်းသို့ သွားရောက်စစ်ဆေးမှုများ ရှိပါလား ဆိုသည့် မေးမြန်းမှုကို “ယင်းသို့ သွားရောက်စစ်ဆေးမှု မရှိကြောင်း” တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
နိုင်လွတ်လုံ ဥပဒေပုဒ်မ (၁၀) ဖြင့် အမှုဖွင့်ခံရသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်က “ ကျွန်တော်ဆီကိုတော့ ဘာမှ အကြောင်းကြားတာ မရှိသေးပါဘူး။ တရားစွဲတယ် ဆိုရင်လည်း ကျွန်တော့်အနေနဲ့ ဦးရွှေမန်းကို တရားရုံးရှေ့မှာ သူရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်နိုင်တဲ့ အခွင့်အရေးရတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment