Thursday, July 25, 2019

စက်မှုဝန်ကြီးဦးခင်မောင်ချိုကို တာဝန်မှအနားပေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ချိုကို တာဝန်မှအနားပေးလိုက်ပြီ ဟု အစိုးရအဖွဲ့နှင့်နီးစပ်သူများက  ယမန်နေ့တွင်ပြောသည်။

အထက်ပါစက်မှုဝန်ကြီးကို  အနားပေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ယမန်နေ့ ညအထိ အတည်ပြုကြေညာ ခြင်းမရှိသော်လည်း ခိုင်မာသည့် သတင်းရင်းမြစ်များ၏ပြောကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဦးခင်မောင်ချိုကို တာဝန်မှအနားပေးရန် ဆုံးဖြတ်လိုက် ပြီဟု ဆိုသည်။
‘‘ဖြေလို့မရပါဘူး။ အချိန် တန်ရင်သိပါလိမ့်မယ်’’ဟု စက်မှု ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။စက်မှုဝန်ကြီးဦးခင်မောင်ချိုသည် ဇူလိုင် ၂၅ ရက်တွင် ရုံးတက်ခြင်း ရှိ၊ မရှိ အမြဲတမ်းအတွင်းဝန်အား 7Day Daily သတင်းစာက မေးမြန်းရာမဖြေနိုင်သည်ကိုနားလည်ပေးရန် နှင့် ပြောခွင့်မရှိကြောင်း  ပြော သည်။ 
သို့သော် စက်မှုဝန်ကြီးဦးခင် မောင်ချိုသည် ဇူလိုင် ၂၃ ရက်၌ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
စက်မှုဝန်ကြီးဦးခင်မောင်ချို သည် နိုင်ငံတော်သမ္မတရုံးက  ထုတ်ပြန်ထားသည့် ၁/၂၀၁၇ (တင်ဒါစည်းမျဉ်း၊ စည်းကမ်း)ကို လိုက်နာရန် ပျက်ကွက်ခြင်း၊  အဂတိလိုက်စားမှုများရှိသည်ဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့ က အရေးယူထုတ်ပယ်ခြင်းဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ဝန်ကြီးဦးခင်မောင်ချိုကို အ ဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးခြင်း ရှိ၊မရှိ  ယမန်နေ့တွင် 7Day Daily သ တင်းစာက မေးမြန်းသော်လည်း  အတည်ပြုချက် မရပေ။
မကြာသေးမီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်နှင့် ဒုတိယ၀န် ကြီး ဒေါက်တာထွန်းနိုင်တို့၏ ဘဏ်စာရင်းများကို ဗဟိုဘဏ်မှ တစ်ဆင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ၀င်ရောက် စစ်ဆေးခဲ့သည်။
လက်ရှိအစိုးရလက်ထက် တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးကျော်ဝင်း၊ လျှပ်စစ်နှင့်စွမ်း  အင်ဝန်ကြီး ဦးဖေဇင်ထွန်းတို့ကို  ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။

7Day

No comments:

Post a Comment