လူတန်းစားအားလုံးပါဝင်နိုင်စေမည့် ငွေပေးချေမှုစနစ် ပေါ်ပေါက်လာရန် ဗဟိုဘဏ်က စတင်စီစဉ်လျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့အနေဖြင့် လူတန်းစားအားလုံးပါဝင်ပြီး လုံခြုံ၍ တိုးချဲ့လုပ်ဆောင်နိုင်ကာ အသုံးဝင်သော ငွေပေးချေမှုစနစ်တစ်ခုအတွက် သင့်တင့်
လျောက်ပတ်သော လုပ်ငန်းတွေအကောင်အထည်ဖော်ရန် စည်းကမ်းများကို သေချာပြုလုပ်ရေးဆွဲသွားပါမယ်”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဌ ဦးဘိုဘိုငယ်မှ ပြောသည်။
ဇူလိုင် ၂ ရက်နေ့က ကျင်းပသည့် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
ဈေးနှုန်းသက်သာပြီး အဆင်ပြေလွယ်ကူစေသည့် ငွေပေးချေမှု ဝန်ဆောင်မှုများကိုဝင်ငွေနည်းပါးသည့် ပြည်သူများ အပါအဝင် လူတန်းစားအားလုံးမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်
စေရန်အတွက် အထောက်အကူဖြစ်မည့် ငွေပေးချေမှုစနစ်များနှင့် စပ်လျဉ်းသည့် နားလည်တတ်ကျွမ်းမှုများကို မြှင့်တင်ရန် ရန်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်၍ DaNa Facility၊
Glenbrook၊ ဘေလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းတို့၏ အထောက်အပံ့ဖြင့် အလုပ်ရုံဆွေးပွဲကိုလည်း ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
“အလုပ်ရုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်မှာ ဘဏ်များ၊ ဘဏ်မဟုတ်သောငွေကြေးဝန်ဆောင်မှုအဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်များကြားတွင် ပိုမုအိ ကျိုးထိရောက်
မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ဖြစ်ပါတယ်”ဟု ဦးဘိုဘိုငယ်ကပြောသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်သော လက်လီငွေပေးချေမှု စနစ်များမိတ်ဆက်ပေးခြင်းနှင့် စနစ်တစ်ခုကို အကောင်အထည်ဖော်ရန်အတွက် အသေးစိတ်စီမံချက်များရေးဆွဲနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ရှိငွေပေးချေမှုစနစ်နှင့် ဝန်ဆောင်မှုပေးအပ်သူများထံမှ ကောင်းမွန်သင့်လျော်သော ဝန်ဆောင်မှုကို မရရှိသည့် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် ငွေလက်ခံသူကုန်သည်များအပါအဝင် နိုင်ငံသားအားလုံး၏ လိုအပ်ချက်ကို ဖြည့်စွမ်းပြီး လူတန်းစားအားလုံးပါဝင်နိုင်သည့် ငွေပေးချေမှုစနစ်တစ်ခု ဖံွ့ ဖြိုးတိုးတက်အောင် အာရုံစိုက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ခေတ်မီသော အမျိုးသားအဆင့် ငွေပေးချေမှုစနစ်တစ်ခုအတွက် လမ်းညွှန်ချက်အသစ်များ၊စည်းကမ်းများနှင့် စည်းမျဉ်းများကို ရေးဆွဲလျက်ရှိပြီး ယခုအလုပ်ရုံဆွေးနွေးပွဲသည် အဆိုပါကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်။
ယုံကြည်စိတ်ချရသော ငွေပေးချေမှု ယန္တရားများ မရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးသူများသည် ဈေးနှုန်းကြီးမြင့်သော နည်းစနစ်များကိုသာ မကြာခဏ အသုးံ ပြုနေကြရကြောင်း၊ ဈေးနှုန်းကြီး မြင့်ပြီး ယုံကြည်အားထား၍ မရသော ငွေပေးချေမှု နည်းစနစ်များသည်ဆင်းရဲနွမ်းပါးသူများအား စီးပွားရေးအခွင့်အလမ်းသစ်များကို မရယူနိုင်အောင် ပိတ်ပင်တားဆီးလျက်ရှိကြောင်းသိရသည်။
နဒီ
Isee Media







0 comments:
Post a Comment