မကွေးတိုင်းဒေသကြီး အောင်လံပြည်သူ့ဆေးရုံကြီးတွင် လူနာတစ်ဦး၌ H1 N1 ရောဂါတွေ့ရှိခဲ့၍ ရန်ကုန်သို့ သွားရောက်ဆေးကုသနေပြီး H1 N1 ရောဂါသံသယရှိသူ ခြောက်ဦးအထိ ကျန်ရှိနေကာ သီးခြားခွဲ၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ H1 N1 ရောဂါပိုး တွေ့ရှိခဲ့ကာ ရန်ကုန်သို့ သွားရောက်ဆေးကု သနေရပြီးလက်ရှိတွင် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးနှင့် ငါးနှစ်အရွယ်ကလေးနှစ်ဦး ခြောက်နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် H1 N1 သံသယရှိသူ၆ဦးအထိရှိနေ၍ ၎င်းလူနာများအား သီးခြားခွဲ၍ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
“ဒီဆေးရုံမှာ H1 N1 သံသယရှိတဲ့ လူ နာတွေက ဇွန်၂၅ ရက်မှာစတွေ့တာပေါ့။ဇွန် ၃၀ ရက်မှာတော့ တစ်ဦးကတော့ ရောဂါပိုး တွေ့တယ်ပေါ့။ သူက သွေးကင်ဆာရောဂါ သမားတစ်ဦးပါ။ သူ့ကိုတော့ အမျိုးသားဓာတ်ခွဲဌာနက အတည်ပြုလိုက်ပါပြီ။ အခုရန်ကုန်မှာ ဆေးကုသမှုခံယူနေရပါတယ်။ အရမ်းစိုးရိမ်ရတဲ့ အနေအထားမဟုတ်ဘူးလို့တော့ သိရပါတယ်။ ရောဂါအခံရှိတော့ စောင့်ကြည့်နေရတဲ့အနေအထားပေါ့။ ဒီမှာသံသယရှိ လူနာခြောက်ဦးကျန်ခဲ့ပါတယ်။ လေးဦးက အောင်လံနယ်ကပါ တစ်ဦးက ဆင်ပေါင်ဝဲက တစ်ဦးက သရက်ကပါ။ ဒီမှာတော့ မြို့ပေါ်မှာတော့ မတွေ့သေးဘူးပေါ့။ အခုဖြစ်တာက နယ်ဘက်တွေက ဖြစ်တာပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ အသိပညာပေးမှုတွေ လုပ်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နယ်မှာ တစ်ဦးတွေ့နေရပြီပေါ့။ သံသယရှိသူ ခြောက်ဦးထဲကလည်း အရေးပေါ်စစ်ဆေးတဲ့ ကရိယာနဲ့ စစ်ဆေးချက်အရ သုံးဦးက ရောဂါတွေ့ရတယ်ပေါ့။ ဒါကြောင့်မို့ရောဂါနဲ့ပတ်သတ်ပြီး အသိပညာပေးမှုတွေ ဒီထက်ပို လုပ်ဖို့လိုအပ်နေပါပြီ” ဟု အောင်လံပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ပြောကြားသည်။
အောင်လံပြည်သူ့ဆေးရုံကြီးတွင် H1 N1 ရောဂါကာကွယ်ရေးပစ္စည်းတချို့လည်း ထားရှိထားပြီး အရေးပေါ်ကုသနိုင်သည့် ဆေးအချို့ကို လည်းထားရှိထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၇ ခုနှစ်၌ မကွေးတိုင်းဒေသကြီးတွင် H1 N1 ရောဂါတွေ့ရှိသူ ၁၂ ဦး အထိရှိကာ သေဆုံးသူနှစ်ဦး ရှိခဲ့သည်။
Eleven Media Group

No comments:
Post a Comment