
ဖါးကန့်မြို့နယ် လဝါးနှင့် ဒွန်ဘုံးခကြားတွင်အခကြေးငွေယူ၍ တင်ဆောင်လာသော ကျောက်စိမ်းဟု ယူဆရသော ကျောက်အရွယ်စုံ အလုံးရေ နှစ်သောင်းကျော် တင်ဆောင်လာသော ယာဉ်တစ်စီးအား ဖမ်းဆီးရမိကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။
ကချင်ပြည်နယ် ဖါးကန့်မြို့နယ် လဝါးနှင့်ဒွန်ဘုံးခကြားတွင် ဩဂုတ် (၂၈) ရက် နေ့လည် (၁၂)နာရီခွဲအချိန်ခန့်က တပ်မတော်စစ်ကြောင်းသည် ဖါးကန့်မြို့နယ် လဝါးနှင့်ဒွန်ဘုံးခကြားတွင် နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် လဝါး-ဒွန်ဘုံးခကြားတွင်တွေ့ရှိမောင်းနှင်လာသော ယာဉ်မောင်းဘောက်လာ (၂၆)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ယောဆက (၂၄)နှစ်လိုက်ပါလာသောယအပြာရောင်တုံဖုန်းယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင် ကျောက်စိမ်းဟုယူဆရသော ကျောက်များ ထည့်ထားသည့်အဖြူရောင်ဆာလာအိတ်များအတွင်း ကျောက်အရွယ်စုံစုစုပေါင်း (၂၄၀၆၄)လုံး၊ စုစုပေါင်း အလေးချိန် (၁၄၃၁၅)ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ပြီး ဘောက်လာနှင့် ယောဆက်တို့အား စစ်ဆေးရာ မြစ်ကြီးနားမှ ကျောက်ပိုင်ရှင်ဖြစ်သူတစ်ဦးမှ အခကြေးငွေပေး၍ ပစ္စည်းများအား မြစ်ကြီးနားသို့ ပို့ဆောင်ရန်အပ်နှံခဲ့ခြင်းဖြစ်ကြာင်း ထွက်ဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကာမိုင်းနယ်မြေရဲစခန်းမှ ဘောက်လာနှင့် ယောဆက်တို့ အား (ပ)၂၁/၂၀၁၉ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၁(က)/၅၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုးကား - EPN
No comments:
Post a Comment