Wednesday, August 28, 2019

လွိုင်ကော်မြို့ အတွင်း ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: one or more people

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အဝေးပြေးကားဂိတ် အတွင်းရှိ ရွှေရာဇာ ကားဂိတ်သို့ မကေသီမြတ် (ဘ)ဦးဘိုသည် မန္တလေး မြို့သို့ ပို့ဆောင်ရန် ပါဆယ်ထုပ် တစ်ထုပ် လာရောက် ပို့ဆောင်စဉ် တာဝန်ရှိ သူများက ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်း ပဲနို့ဘူးခွံများဖြင့် ထုပ်ပိုးထားသော ပွိုင့်-၂၂ ကျည် ၁၅၀၀ တောင့်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ်လ ၂၉ ရက် (ယနေ့) နံနက်ပိုင်းက သတင်းထုတ် ပြန်ထားသည်။

ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ ကျည်များအား ၎င်း၏ ခင်ပွန်းဖြစ်သူ နေအောင်(ဘ)ဦးမောင်ငယ်မှ ပို့ဆောင် ခိုင်း ခဲ့ကြောင်း သိရှိရသဖြင့် နေအောင်၏ အိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား တွေ့ရှိရပြီး နေအိမ်ဝင်းအတွင်း ရှာဖွေ စစ်ဆေးရာ Nissan အမျိုးအစား ယာဉ်အမှတ်၊ KYH-1G/ …………… မော်တော်ယာဉ်ထိုင်ခုံဘေးမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၉ ပြား၊ အစိမ်း ရောင်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရ မိသူများအား လွိုင်ကော်မြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

The Ladies News

No comments:

Post a Comment