Monday, August 5, 2019

ရွှေကျင်မြစ်ရေပြန်လည်မြင့်တက်၊ မြို့ပေါ်ရပ်ကွက် နေအိမ်အချို့ ရေဝင်နစ်မြုပ်

Image may contain: outdoor
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ယမန်နေ့ ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် ရွှေကျင်မြစ်ရေ ပြန်လည်မြင့်တက်ခဲ့ရာ ရွှေကျင်မြို့ပေါ် ရပ်ကွက်ရှိနေအိမ်အချို့ ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။
“ဟိုတစ်နေ့က ရေဝင်တာထက်ပိုဆိုးတယ်။ အခုနီးစပ်ရာအိမ်အချို့ကို ပြောင်းရွှေ့ဖို့ ပြင်နေကြတယ်”ဟု ရွှေကျင်ဒေသခံတစ်ဦးက ပြောကြားသည်။

ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက် ၈၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေသည့်အပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၀၀ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
Image may contain: tree, house, outdoor, nature and water
Image may contain: outdoor and water
Image may contain: tree, sky, outdoor and nature
Image may contain: one or more people, outdoor, water and nature
Image may contain: one or more people, bridge, outdoor and water

The Voice

0 comments:

Post a Comment