
လတ်တလောဖြစ်ပွားလျက်ရှိသည့် ဆန္ဒပြမှုများသည် အများပြည်သူ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေပြီး ဆက်လက်သည်းခံတော့မည် မဟုတ်ဟု ဟောင်ကောင်ရှိ တရုတ်စစ်ဘက် အကြီးအကဲက ပြောဆိုလိုက်ကြောင်း Guardian သတင်းဌာနက ဖော်ပြသည်။
ဟောင်ကောင်၏ လုံခြုံရေး၊ တည်ငြိမ်ရေး ၊ အချုပ်အခြာအာဏာနှင့် အခြားကိစ္စရပ်များအတွက် ကာကွယ်သွားတော့မည်ဖြစ်ကြောင်း ဟောင်ကောင်ရှိ တရုတ်စစ်ဌာနချုပ်အကြီးအကဲက သတိပေးလိုက်ခြင်းဖြစ်သည်။
တရားဥပဒေ စိုးမိုးမှုဖြစ်အောင် ဆောင်ရွက်နေသည့် ဟောင်ကောင်ရဲများနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် တရုတ်စစ်ရုံးအကြီးအကဲက ပြောဆိုခဲ့သည်။
ဆန္ဒပြသူများကို တရုတ်စစ်ဘက်က ဖြိုခွင်းနေသည့် ရုပ်သံဖိုင်တစ်ခုကို တရုတ်စစ်ဘက်က မကြာသေးမီက ထုတ်လွှင့်ပြသခဲ့ပြီး သတိပေးထားသည်။
ရာဇာဝတ်မှုကျူးလွန်သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည် ဥပဒေကြမ်းအပေါ် မနှစ်သက်သဖြင့် ဟောင်ကောင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ သီတင်းပတ် ၇ ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆန္ဒပြသူ ၄၄ ဦးကို ထပ်မံ စွဲချက်တင်ထားသည်။
သတင်း - ZMO
Ref- Guardian
ဓာတ်ပုံ - Newsweek
No comments:
Post a Comment