
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သြဂုတ် ၄ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။
လေပြင်းကြောင့် ဟံဂံ၊ ကုလားကုတ်၊ ကျောင်းမိချောင်းတောင်၊ ဇီးဖြူသောင်၊ ကျောင်းရွာ ကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအပါဝင် ရွာပေါင်း ၅ ရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး သစ်ပင်တွေလည်း ပြိုလဲခဲ့တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။
သစ်ပင်ပြိုလဲပိမိတာကြောင့် ကျောက်မိချောင်းတောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။
ပင်လယ်ကမ်းစပ်က နေအိမ်ပေါင်း ၃၈ လုံးလောက်လည်း လေပြင်းဒဏ်ခံခဲ့ရပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၆၀ နီးပါးလောက်ရှိပါတယ်။
အိမ်ထောင်စု ၄၇ စုမှ လူဦးရေ ၂၀၀ လောက် လေဘေးဒဏ်ခံခဲ့ရကာ တိရစ္ဆာန်ထိခိုက်သ သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။
ထိခိုက်ပျက်စီးခံရတဲ့ လူနေအိမ်တွေကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးက ငွေနဲ့ ၁ ပတ်စာဆန်တွေ အိမ်ထောင်စုအလိုက် ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယာယီရွှေ့ပြောင်းထားကာ ကူညီစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။






နေမျိုးထွဋ် (ရေး)
DVB
No comments:
Post a Comment