
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် လူပုဂ္ဂိုလ်ရေးဆက်ဆံမှုသာရှိနေပြီးပါတီချင်းဆက်ဆံမှုမရှိကြောင်း သတင်းမီဒီယာများကိုပြောဆိုလိုက်သည်။
"ဆက်ဆံရေးအရလူပုဂ္ဂိုလ်အရဆက်ဆံရေးရှိပါတယ်ပုံမှန်ဆိုတာထက်အခါအားလျော်စွာပေါ့။ပါတီချင်းဆက်ဆံရေးမရှိပါဘူး အဲ့တိုင်းဘဲသူ့ပါတီကိုယ့်ပါတီဖြစ်သလိုသူ့အကြိုက်ကိုယ့်အကြိုက်လည်းမဟုတ်ဘဲနဲ့ ကိုယ့်အကြိုက်ကိုယ့်မူဝါဒနဲ့ဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ဖြေကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်ပြီးသူရဦးရွှေမန်းက ၎င်းပါတီထူထောင်ခြင်းနှင့်ပါတ်သက်၍လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောစကားအချို့ကိုယခုလို ပြောပြခဲ့သည်။
"ပါတီထူထောင်တာနဲ့ပက်သက်ပြီးတော့စတယ်နောက်တယ်ဘဲဖြစ်ဖြစ် ဘယ်လိုပြောလည်းဆိုတဲ့ဟာလေးတော့ရှိပါတယ်ဒါဘာလည်းဆိုရင်ပါတီတစ်ရပ်ထူထောင်တဲ့နေရာမှာဖြစ်ပေါ်တွေ့ကြုံနိုင်တဲ့အခက်အခဲတွေတော့ရှိတယ်အဲ့ဒါတွေတော့စဉ်းစားရမှာဖြစ်တယ်"ဟုဒေါ်အောင်ဆန်းစုကြည်၏ပြောစကားကိုပြန်လည် သူရဦးရွှေမန်းကပြန်လည်ပြေပြခဲ့သည်။
"ဒိအပေါ်မူတည်ပြီးတော့စပ်ဆက်ပြီးတော့စဉ်းစားမယ်ဆိုရင်လည်းစဉ်းစားလို့ရပါတယ်သို့ရာတွင်သာမာန်အားဖြင့်ကြည့်မယ်ဆိုရင်ပြိုင်ဘက်လိုသဘောထားမယ်ဆိုရင်တော့ထူထောင်ခြင်းကိုလိုလားသလားမလိုလားသလားစဉ်းစားလို့ရပါတယ်သို့မဟုတ်လို့ရှိရင်ပြိုင်ဘက်ဖြစ်သော်လည်းနိုင်ငံ့အတွက်လိုအပ်လို့ဆောင်ရွက်တယ်လို့ယူဆတယ်ဆိုလို့ရှိရင်လည်းဒါဟာအယူအဆတစ်မျိုးဖြစ်နိုင်တယ်ဒါကြောင့်မလို့ခုနကပြောင်သလိုဘဲပြောပြောအတည်ဘဲပြောပြောအရေးကြီးတာကကိုယ့်ရဲ့ခံယူချက်ပေါ်မှာဘဲမူတည်ပါတယ်" ဟုလည်း သူ၏ ခံယူချက်ကိုထည့်သွင်းပြောဆိုခဲ့သည်။
သူရဦးရွှေမန်းဦးဆောင်နေသည့် ပြည်ထောင်စုကောင်းကျိုးတောင်ပါတီအနေဖြင့် လတ်တလောတွင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ရုံးခွဲပေါင်းနှစ်ရာကျော်အထိဖွင့်လှစ်ထားကာပါတီဝင်အင်အားနှစ်သိန်းလေးသောင်းခန့်ရှိနေပြီဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယမန်နေ့ညနေပိုင်းက နေပြည်တော်ရှိ သူရဦးရွှေမန်းနေအိမ်၌ပြုလုပ်သောUBP ပါတီ၏သတင်းစာရှင်းလင်းပွဲတွင်မီဒီယာများကို ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။
အောင်ခန့်၊KKT(နေပြည်တော်)
No comments:
Post a Comment