
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ခြေရာတော်ကျေးရွာအနီးရှိ အေအေလက်နက်ကိုင်အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဩဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ ဗဗ အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းမှ ပစ်ကျင်း ခြောက် ကျင်း၊ လူနေတဲ သုံးလုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓားရှစ်ချောင်း၊ လက်ကိုင်ဖုန်း တစ်လုံး၊ တန်းစီကွင်း တစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ပါရှိသည်။
ထို့ပြင် ဩဂုတ် ၃ ရက်တွင်လည်း ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ AA အဖွဲ့က ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ် အလက် ၅၀၀၊ ဒီတိုနေတာ ခြောက်ခု၊ ပွိုင့်ငါးကျည်ခွံပုံး သုံးပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား အလက် ၆၀၊ သံတူးရွင်း အလက် ၄၀ ၊ ဓား အချောင်း ၅၀၊ ဖုန်းတစ်လုံး၊ ဆန်နှင့်စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ သုံးအိတ်၊ အခြားအသုံးအဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။

သတင်း - ရဲထက်ကျော်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment