Monday, August 26, 2019

လှိုင်သာယာမြို့နယ်ကို နှစ်မြို့နယ်ခွဲရန် လုပ်ငန်းများ စတင်

လှိုင်သာယာမြို့နယ်ကို နှစ်မြို့နယ်ခွဲရန် အချက်အလက်များ စုဆောင်းခြင်းလုပ်ငန်း လုပ်ကိုင်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုလင်းက 7Day Daily သတင်းစာအား ပြောသည်။

ထိုသို့မြို့နယ်နှစ်ခု ခွဲ၍ မြေပုံအမှုတွဲများ ပြုစုခြင်း၊ သက်ဆိုင်ရာ အပိုင်းအလိုက် လူဦးရေ၊ ဈေး၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ စသည့်အချက်အလက်များကို စာရင်းပြုစုနေကြောင်း ၎င်းကဆိုသည်။
‘‘အခုအချိန်မှာ ပြောနိုင်တာကတော့ မြို့နယ်နှစ်မြို့နယ် ခွဲခြမ်းဖို့ ဆောင်ရွက်နေတာမှန်တယ်။ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ခွဲခြားဖို့ ဆောင်ရွက်နေတာမှန်တယ်။
ရှေ့မှာတော့ ဘာပါမယ်၊ နောက် မှာတော့ ဘာတွေပါမယ်ဆိုတာ၊ ရပ်ကွက်ဘယ်နှခု၊ ကျေးရွာဘယ် နှခုသွားထည့်မယ်တော့ မရသေး ဘူး။ မသေချာသေးဘူး’’ ဟု ဦးချစ်ကိုလင်းက ပြောသည်။
မြို့နယ်နှစ်ခုခွဲခြမ်းခြင်းလုပ် ငန်းအတွက် မြို့ခံပြည်သူများ ဆန္ဒသဘောထားကို ရယူရန်စီစဉ် နေသည်ဟု ၎င်းကဆက်လက် ပြောသည်။
ပြည်သူ့အင်အားဦးစီးဌာန ၏ ခန့်မှန်းစာရင်းအရ လှိုင်သာ ယာမြို့နယ် လူဦးရေသည် ၂၀၁၉ တွင် ခုနစ်သိန်းခွဲကျော်ရှိပြီး ရန် ကုန်တိုင်းတွင် လူဦးရေအများဆုံး မြို့နယ်ဖြစ်ကာ ချင်းပြည်နယ် တစ်ခုလုံးလူဦးရေထက် နှစ်သိန်း ခန့်ပိုများသည်။
လှိုင်သာယာမြို့နယ်သည် ကြီးမားပြီး လူဦးရေများပြားသော် လည်း မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးသာ စီမံအုပ်ချုပ်နေရ ခြင်း၊ မြို့နယ်တစ်ခုစာသာဘတ် ဂျက်ရရှိခြင်း၊ မြို့နယ်တစ်ခုစာ သာစာသင်ကျောင်းဖွင့်လှစ်ခွင့်ရရှိခြင်းစသည့် မနိုင်ဝန်ထမ်းနေရ သည့်အခြေအနေတွင်ရှိနေသဖြင့် အပြောင်းအလဲပြုလုပ်ရန် ပြန် လည်သုံးသပ်နေရသည်ဟု ၀န် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြီးခဲ့ သည့် ဇွန်လကုန်ပိုင်းကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထိုသို့ပြောကြားပြီးနောက် လှိုင်သာယာမြို့နယ်ကို နှစ်ခုခွဲ ခြမ်းမည့် အစီအစဉ်ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။
‘‘မြို့နယ်အနေအထားအ ပြောင်းအလဲ လုပ်မယ်ဆိုတာ လောက်တော့သတင်းတွေကြား တယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကို ကျွန်တော်တို့အနေနဲ့ သတင်း တိတိကျကျမသိရသေးဘူး’’ ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြတ်မင်း သူက ပြောသည်။
ယင်းသို့ မြို့နယ်နှစ်ခုခွဲခြမ်း ခြင်းကြောင့် လုံခြုံရေးနှင့် အုပ် ချုပ်ရေးပိုင်းပိုမို ကောင်းမွန်လာ နိုင်သဖြင့် ကြိုဆိုသည်ဟု (၂၀) ရပ်ကွက်နေကိုဇော်လင်းက ဆို သည်။
‘‘ကောင်းမယ်ထင်လို့လုပ် တာဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး’’ ဟု ၎င်းကပြောသည်။
မြို့နယ်နှစ်ခုခွဲခြမ်းရာတွင် မြို့နယ်တစ်ခုချင်းစီ၌ ပါဝင်မည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့်စက် မှုဇုန်လျာထားချက်စာရင်းသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက် နှာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ပျံ့နှံ့ခဲ့သည်။
သို့သော် ယင်းစာရင်းအ ချက်အလက်များသည် မှန်ကန် ခြင်းမရှိဘဲ အပြောင်းအလဲဖြစ်နိုင် သည်ဟု ဦးချစ်ကိုလင်းက ဆို သည်။
ထို့အပြင် ဆိပ်ကမ်းမြို့နယ် ကို ဗိုလ်တထောင်မြို့နယ်အတွင်း ထည့်သွင်း၍ ယင်းမြို့နယ်မှ အုပ်ချုပ်ရေးဝန်ထမ်းများကို အ သစ်ခွဲခြမ်းပြီး ထွက်ပေါ်လာမည့် လှိုင်သာယာမြို့နယ်သို့ ရွှေ့ ပြောင်းရန် စီစဉ်နေသည်ဟု သ တင်းထွက်ပေါ်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အတည်ပြုချက်မရရှိသေးပေ။
ဇွန်လကုန်ပိုင်းက ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌မူ ဦးဖြိုးမင်းသိန်းက ဆိပ်ကမ်းမြို့ နယ်ကို အခြားမြို့နယ်ထဲထည့် သွင်းရန် စီစဉ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။
သို့သော် ဆိပ်ကမ်းမြို့နယ် ကို ဖျက်သိမ်း၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းရန် သဘောတူ လက်မှတ်များကို ယခုရက်ပိုင်းအ တွင်း စတင်ကောက်ခံနေကြောင်း ဆိပ်ကမ်းမြို့နယ်နေသူများက ပြောသည်။
တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များအတွင်းရှိ ရပ်ကွက်၊ ကျေး ရွာ၊ မြို့၊ မြို့နယ်၊ ခရိုင်နယ်နိ မိတ်များပြင်ဆင်ရန်၊ ဖွဲ့စည်းရန်၊ အမည်ပြောင်းလဲရန် ပေါ်ပေါက် လျှင် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ တော်သမ္မတထံ ထောက်ခံတင်ပြ ၍  နိုင်ငံတော်သမ္မတက လိုအပ် သလို ဆောင်ရွက်ပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ တွင် ဖော်ပြထားသည်။
7Day

No comments:

Post a Comment