
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရသည့် တံတားများကို လည်း တပ်မတော်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့က ပြည်သူများ သွားလာမှု အဆင်ပြေစေရန် အမြန်ဆုံးပြုပြင် ဆောင်ရွက်ခဲ့သည့်အတွက် ၅ရက်အတွင်း ပြန်လည်ဖြတ်သန်း၍ ရရှိခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ အနည်းငယ်ထိခိုက်ခဲ့ သော် လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တစ်ဆင့်ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒုတိယ သမ္မတဦးမြင့်ဆွေက ပြောသည်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားတွင် ဒုတိယသမ္မတက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ ဖမ်းဆီးအရေးယူမှု (၇၆၃)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၉၈၉ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်။
ယခုအခါတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းမြင့်တက်လာမှုကို လျှော့ချနိုင်ရေး နိုင်ငံအဆင့်နှင့်ဌာန အချင်းချင်းအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်အတွက် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ဦးဆောင် ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုလည်း ယခုလ (၁၆) ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
၊ ယင်းကော်မတီတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ် အားလုံးက စီးပွားရေးဝန်ကြီးတစ်ဦးစီ ထည့်သွင်း ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင်ကုန်သွယ် မှုများ ကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ ဆောင်ရွက်ရာတွင်လည်း တရားမဝင် ကုန်သွယ်မှု၏ အန္တရာယ်ကြီးမားလာမှု များကို ပြည်သူများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများမှသိရှိကာ ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြား ခဲ့သည်။
The Ladies News
No comments:
Post a Comment