
AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်မှ ပြန်လည် ပြုပြင် တည်ဆောက်ပြီးစီးပြီးဖြစ်သည့် နားတီးကျေးရွာအနီး အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား (၃၁)မိုင်တံတားအား သြဂုတ်လ ၂၇ ရက်ည ၁၁ နာရီခန့် တွင် ထပ်မံဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် သွားလာမှု ထပ်မံပြတ်တောက် ခဲ့ပြီး ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာမှု အခက်အခဲများ ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်အနေဖြင့် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် အဆိုပါ တံတားအား ဘေလီတံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းနှင့် တံတား တည်ဆောက် မပြီးသေးမီ ကာလ၌လည်း သွားလာမှု အဆင်ပြေစေရန် အတွက် နေ့ချင်းပြီး လမ်းလွှဲ ပြုလုပ်ပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။


The Ladies News
No comments:
Post a Comment