Thursday, August 1, 2019

ကန်-တရုတ် ကုန်သွယ်ရေးစစ် ပိုမိုပြင်းထန်

တရုတ်နိုင်ငံ ထွက်ကုန်တချို့အပေါ်မှာ အခွန် ၁၀%နောက်ထပ် တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပြီးနောက် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာပါတယ်။

နောက်လကျရင် ကုန်သွယ်ရေး ညှိနှိုင်းမှု ဆက်လက်ပြုလုပ်မယ်ဆိုတဲ့ သဘောတူညီမှုရရှိပြီး တရက်အကြာ ကြာသပတေးနေ့မှာပဲ သမ္မတ ထရမ့်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ပိုမိုဝယ်ယူဖို့နဲ့၊ အမေရိကန် ပြည်ထောင်စုထဲကို Fentanyl ခေါ် ဘိန်းထွက်ဆေးဝါး တင်သွင်းမှု ရပ်ဆိုင်းမယ့်ကိစ္စကို ပျက်ကွက် နေတယ်လို့လည်း ဒေါ်နယ်ထရမ့်က စွပ်စွဲ လိုက်ပါတယ်။
ယခင် တိုးမြှင့်ကောက်ခံခဲ့တဲ့ သွင်းကုန်ခွန် တွေဟာ စက်မှုထုတ်ကုန်တွေကို ပစ်မှတ်ထားခဲ့ပေမဲ့ ၊ အခု စတင်လာတဲ့ သွင်းကုန်ခွန်တွေကတော့ လက်ကိုင်ဖုန်းနဲ့ အဝတ်အထည် စတဲ့ လူသုံးကုန်တွေကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

VOA

No comments:

Post a Comment