ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် ရေယာဉ်လိုင်းများကို ရာသီဥတုအခြေအနေကြောင့် သြဂုတ်လ ၅ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
မိုးသည်းထန်စွာပြီး လေပြင်းတိုက်ခတ်မှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် ခရီးသွားများ အန္တရာယ်မဖြစ်စေရေး ယာယီပိတ်ထားခြင်းဖြစ်ကြောင်း လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ပြောသည်။
“ခုက ယာယီပိတ်တာပါ၊ ရာသီဥတု အခြေအနေကောင်းတာနဲ့ ပြန်ဖွင့်ပေးမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
ပုသိမ်မြို့နယ်အတွင်း ပြေးဆွဲနေသည့် လိုင်းစက်လှေများ၊ ပုသိမ်မြို့ အခြေပြုပြေးဆွဲသည့် ဖျာပုံ-ဘိုကလေး-လပွတ္တာ၊ ငပုတောနှင့် ဟိုင်းကျွန်းမြို့များသို့ ပြေးဆွဲနေသည့် သင်္ဘောလိုင်းများကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူက ပြောသည်။
ပုသိမ်မြို့ အခြေပြုပြေးဆွဲသည့် ရေယာဉ်လိုင်း ၁၆ လိုင်းရှိပြီး ပုသိမ် ဆိပ်ကမ်းသို့ ၀င်ထွက်ပြေးဆွဲနေသည့် ရေယာဉ်အစီး ၆၀ ၀န်းကျင်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
The Voice
No comments:
Post a Comment