
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၅ ရက်တွင် ကျိုင်းတုံ - တောင်ကြီးသွား ကားလမ်း ၁၆ မိုင်လမ်းဆုံအနီး၌ စောင့်ဆိုင်း စစ်ဆေးစဉ် ညနေ ၄ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက် ဘက် မီတာ ၃ဝဝဝ ခန့် အကွာရှိ ခမ်းနု(၁)ကျေးရွာဘက်မှ လီဟား(ဘ) ဦးကျကီး မောင်းနှင်လာသော Revo အမျိုးအစားယာဉ်အမှတ်၊ SHN-5M/--— မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ ကျောပိုးအိတ် ၃၈ လုံးအတွင်း မှ အိုက်စ် ၇၆၂ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။
အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး မိုင်းပျဉ်းမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း သိရသည်။
Credit - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
The Ladies News
No comments:
Post a Comment