Tuesday, August 6, 2019

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ် ဒမီ (IACA) ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင် ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေး လွှတ်တော်အတည်ပြု

Image may contain: text

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ် ဒမီ (International Anti – Corruption Academy- IACA) ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင် ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာ နိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စကို အတည်ပြုရန် လွှတ်တော်၏ သဘော ထားရယူရာ သဘောမတူသူမရှိသည့်အတွက် သြဂုတ် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးအကယ်ဒမီ (International Anti – Corruption Academy- IACA) ကို နိုင်ငံတကာအဖွဲ့ အစည်း ထူထောင်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီးနောက် လွှတ်တော်၏ သဘောထားရယူခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးက ကော်မရှင်အနေဖြင့် လွှတ်တော် ကိုယ်စား လှယ်များ၏ သုံးသပ်အကြံပြု ချက်များအပေါ် အလေးအနက်ထား၍ လိုက်နာ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက် မှတ်ရေးထိုးနိုင်ရေး ကိစ္စကို လွှတ်တော်က အတည်ပြုပေးရန်တင်ပြခဲ့သည်။
ယခုအချိန်တွင် တိုင်းပြည်သည် စနစ်သစ်နှင့် ပြန်လည် ထူထောင် နေချိန်ဖြစ်သည့် အတွက် အပြောင်းအလဲတိုင်းသည် ရှေ့သို့သွားနေ ရန်လိုအပ် ကြောင်း၊ IACA ကို ဝင်ရောက် ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အစိုးရလိုအပ်ချက်များကို ဖြည့်ဆည်းပေး ရာရောက်သည်ဟု ဆိုနိုင်ကြောင်း၊ အဂတိ တိုက်ဖျက်ရေး စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း အရှိန်ရလာနိုင် ရန်နှင့် အင်အားရှိနိုင်ရန် လိုအပ်သလို ရလာဒ်ကောင်းများ ဖြစ်လာနိုင်ရန် လိုအပ်ကြောင်း၊ အဂတိကြောင့် ကြာလေ နိုင်ငံသူနိုင်ငံသားတို့ နစ်နာလေ ဖြစ်ကြောင်း၊ ထို့ကြောင့် IACA တွင် ပါဝင်ခြင်းဖြင့် အဂတိတိုက်ဖျက်ရေးအတွက် လိုအပ်သော စွမ်းရည်နှင့် အတွေ့အကြုံများ ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် IACA တွင် ပါဝင်ရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးသင့်သည်ဟု ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ဆွေးနွေးခဲ့သည်။
The Ladies News

0 comments:

Post a Comment