Wednesday, September 25, 2019

ဘဂၤလားေဒ့ရွ္ႏွင့္ျမန္မာႏုိင္ငံက ဘဂၤါလီဒုကၡသည္မ်ားအတြက္ အေမရိကန္က ေဒၚလာ ၁၂၇ သန္း ထပ္မံေထာက္ပံ့

Image may contain: text

အေမရိကန္ႏိုင္ငံအေနနဲ႕ ဘဂၤလားေဒ့ရွ္မွာရွိေနတဲ့ ဘဂၤ ါလီဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၁၂၇ သန္းေက်ာ္ ထပ္မံေပးအပ္သြားမယ္လို႕ အေမရိကန္ႏုိင္ငံျခားေရး၀န္ၾကီးဌာနက စက္တင္ဘာ ၂၄ ရက္ေန႕မွာ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။.

ထပ္မံေပးအပ္သြားမယ့္ ေထာက္ပံ့ေၾကးရန္ပံုေငြဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္ ၉ သိန္းေက်ာ္အတြက္သာမက ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္က ဘဂၤ ါလီ အမ်ိဳးသမီးနဲ႕ ကေလးငယ္ေတြအတြက္ပါ အေရးေပၚလိုအပ္ခ်က္ေတြအတြက္ အသံုးျပဳသြားမယ္လို႕ သိရပါတယ္။
ယခု ေထာက္ပံ့ေငြဟာ ဘဂၤါလီဒုကၡသည္ေတြအပါအ၀င္ ျမန္မာႏုိင္ငံက စစ္ေဘးေရွာင္တျခားလူမ်ိဳးစုေတြအတြက္လည္းပါ၀င္တယ္လို႕ ဆိုပါတယ္။
အေမရိကန္ႏုိင္ငံဟာ ပဋိပကၡျဖစ္ပြားခဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လက စတင္ျပီး ဒုကၡသည္မ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီအျဖစ္ စုစုေပါင္း အေမရိကန္ေဒၚလာ ၆၆၇ သန္းေက်ာ္ ေပးအပ္ထားခဲ့ျပီးျဖစ္တယ္လို႕လည္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ ၁၂၇ သန်း ထပ်မံထောက်ပံ့
Wednesday, September 25, 2019

အမေရိကန်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဘင်္ဂ ါလီဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော် ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။.

ထပ်မံပေးအပ်သွားမယ့် ထောက်ပံ့ကြေးရန်ပုံငွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ၉ သိန်းကျော်အတွက်သာမက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂ ါလီ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပါ အရေးပေါ်လိုအပ်ချက်တွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ယခု ထောက်ပံ့ငွေဟာ ဘင်္ဂါလီဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံက စစ်ဘေးရှောင်တခြားလူမျိုးစုတွေအတွက်လည်းပါ၀င်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ပဋိပက္ခဖြစ်ပွားခဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ပြီး ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော် ပေးအပ်ထားခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

#Ref; www.state.gov/united-states #Myanmar_Online_News

No comments:

Post a Comment