Tuesday, September 24, 2019

ထိုုင္းႏိုင္ငံတြင္ နာမည္ႀကီးဖက္ရွင္မယ္ ေသဆံုးမွုမွ အဓိက တရားခံအား ဖမ္းဆီး

Image may contain: 1 personImage may contain: 5 people, people standing

ထိုုင္းတနိုင္ငံလံုး စိတ္၀င္စားေနၾကတဲ့ ဖက္ရွင္မယ္ လမ္လာဘလ္ ေသဆံုးမွုမွာ အဓိက သံသယရွိသူ နိုင္ရခ်ဒက္ ၀ုန္ထဘြတ္ Ratchadet Wongthabutr အသက္ ၂၄ နွစ္ကို စက္တင္ဘာ၂၄ ရက္ေန ့ညက သူေနတဲ့ ကြန္ဒိုတိုက္ခန္းကို မိဘေတြက ကာတစ္စီးနဲ ့ လာေရာက္ေခၚေဆာင္တဲ့အခ်ိန္မွာ အသင့္ေစာင့္ေနၾကတဲ့ ဘူကလို ရဲစခန္းရဲတပ္ဖြဲ ့၀င္ေတြက ကားကိုရပ္တန္ ့စစ္ေဆးျပီး ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

စက္တင္ဘာလ (၁၇)ရက္ေန ့မနက္က နိုင္ရခ်ဒက္ ေနထိုင္ေနတဲ့ ကြန္ဒိုတိုက္ခန္းရဲ ့ ေအာက္ဆံုးထပ္က ဧည့္ေဆာင္ခန္းမ မွာ ေသဆံုးေနတဲ့ဖက္ရွင္မယ္ လမ္လာဘယ္ အမွုဟာ ၂၀၁၉ ခုႏွစ္ အတြင္း ထိုင္းနိုင္ငံမွာစိတ္၀င္တစားေစာင့္ၾကည့္ေနၾကတဲ့ အမွုျဖစ္ပါတယ္။

စက္တင္ဘာ ၁၆ ရက္ေန ့ ေနလည္ ခ်ိန္မွာ VIP ကိုးဦးပါတီပြဲ ကို လာေရာက္ ဧည့္ခံ ဘို ့ အခ်ိန္ႏွစ္နာရီ အတြက္ ဘတ္ေငြ ၅၀၀၀ နဲ ့ ဖက္ရွင္မယ္ကိုဌားရမ္းခဲ့ၾကတာပါ။
တစ္နာရီအတြင္း လမ္လာဘယ္ဟာ အမူးလြန္သတိလစ္ေနတဲ့အခ်ိန္ နိုင္ရခ်ဒက္ဟာ သူေနထိုင္ရာ တိုက္ခန္းကို ကားေပၚေပြ ့ခ်ီ တင္ေခၚသြားခဲ့တာပါ။
အမွုသံုးမွု နဲ့ တရားစြဲခံရမယ့္ နိုင္ရခ်ဒက္ ဟာ သတိမိေမ့ေနတဲ့ ဖက္ရွင္မယ္ကို လိင္ပိုင္ဆိုင္ရာ က်ဴးလြန္မွု ႏွစ္မွုနဲ ့အမူးလြန္ သတိေမ့ေနသူကို (ေဆးရံု မပို ့ မိသားစုအေၾကာင္းမၾကား) ေသဆံုးေစတဲ့အထိ အခန္းမွာ ထိမ္းသိမ္းထားမွုေတြျဖစ္ပါတယ္။
VIP ပါတီေပးတဲ့ အိမ္ပိုင္ရွင္ဟာ ဖက္ရွင္မယ္ အကမယ္ေတြကိုေန ့တိုင္းဌားျပီး ေန့လည္ တနာရီကေန ည၁၂ နာရီအထိ ပါတီေပးေနတဲ့ လူခ်မ္းသာေတြသာ လာေရာက္ၾကတဲ့ ဇိမ္ခံပါတီျဖစ္ပါတယ္။
ဒီပါတီပြဲမွာ ဌားထားတဲ့ ဖက္ရွင္မယ္ေတြကို အမူးေစာင့္္ ထမ္းေခၚေနသူ ဖက္ရွင္မယ္မုဆိုး နိုင္ရခ်ဒက္ဟာ ခုလိုမ်ိဳး အမူးလြန္တဲ့ ဖက္ရွင္မယ္ေတြကိုအၾကိမ္ၾကိမ္ေခၚသြားျပီး လိင္ဆက္ဆံေနသူျဖစ္ေၾကာင္း ထိုင္းျမန္မာနယ္စပ္ အေျခစိုက္ ကေလးႏွင့္ အမ်ိဳးသမီး ကူညီေစာင့္ေရွက္ေရးအဖြဲ႕မွ သိရသည္။
Image may contain: 2 people, people standing

<Unicode>
ထိုင်းနိုင်ငံတွင် နာမည်ကြီးဖက်ရှင်မယ် သေဆုံးမှုမှ အဓိက တရားခံအား
ဖမ်းဆီး
Wednesday, September 25, 2019

ထိုင်းတနိုင်ငံလုံး စိတ်ဝင်စားနေကြတဲ့ ဖက်ရှင်မယ် လမ်လာဘလ် သေဆုံးမှုမှာ အဓိက သံသယရှိသူ နိုင်ရချဒက် ဝုန်ထဘွတ် Ratchadet Wongthabutr အသက် ၂၄ နှစ်ကို စက်တင်ဘာ၂၄ ရက်နေ့ညက
သူနေတဲ့ ကွန်ဒိုတိုက်ခန်းကို မိဘတွေက ကာတစ်စီးနဲ့ လာရောက်ခေါ်ဆောင်တဲ့အချိန်မှာ အသင့်စောင့်နေကြတဲ့ ဘူကလို ရဲစခန်းရဲတပ်ဖွဲ့ဝင်တွေက ကားကိုရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ (၁၇)ရက်နေ့မနက်က နိုင်ရချဒက် နေထိုင်နေတဲ့ ကွန်ဒိုတိုက်ခန်းရဲ့ အောက်ဆုံးထပ်က ဧည့်ဆောင်ခန်းမ မှာ သေဆုံးနေတဲ့
ဖက်ရှင်မယ် လမ်လာဘယ် အမှုဟာ ၂၀၁၉ ခုနှစ် အတွင်း ထိုင်းနိုင်ငံမှာ
စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ အမှုဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ နေလည် ချိန်မှာ VIP ကိုးဦးပါတီပွဲ ကို လာရောက် ဧည့်ခံ ဘို့ အချိန်နှစ်နာရီ အတွက် ဘတ်ငွေ ၅၀၀၀ နဲ့ ဖက်ရှင်မယ်ကိုဌားရမ်းခဲ့ကြတာပါ။
တစ်နာရီအတွင်း လမ်လာဘယ်ဟာ အမူးလွန်သတိလစ်နေတဲ့အချိန် နိုင်ရချဒက်ဟာ သူနေထိုင်ရာ တိုက်ခန်းကို ကားပေါ်ပွေ့ချီ တင်ခေါ်သွားခဲ့တာပါ။
အမှုသုံးမှု နဲ့ တရားစွဲခံရမယ့် နိုင်ရချဒက် ဟာ သတိမိမေ့နေတဲ့ ဖက်ရှင်မယ်ကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှု နှစ်မှုနဲ့အမူးလွန် သတိမေ့နေသူကို (ဆေးရုံ မပို့ မိသားစုအကြောင်းမကြား) သေဆုံးစေတဲ့အထိ အခန်းမှာ ထိမ်းသိမ်းထားမှုတွေဖြစ်ပါတယ်။
VIP ပါတီပေးတဲ့ အိမ်ပိုင်ရှင်ဟာ ဖက်ရှင်မယ် အကမယ်တွေကိုနေ့တိုင်းဌားပြီး နေ့လည် တနာရီကနေ ည၁၂ နာရီအထိ ပါတီပေးနေတဲ့ လူချမ်းသာတွေသာ လာရောက်ကြတဲ့ ဇိမ်ခံပါတီဖြစ်ပါတယ်။
ဒီပါတီပွဲမှာ ဌားထားတဲ့ ဖက်ရှင်မယ်တွေကို အမူးစောင့်် ထမ်းခေါ်နေသူ ဖက်ရှင်မယ်မုဆိုး နိုင်ရချဒက်ဟာ ခုလိုမျိုး အမူးလွန်တဲ့ ဖက်ရှင်မယ်တွေကိုအကြိမ်ကြိမ်ခေါ်သွားပြီး လိင်ဆက်ဆံနေသူဖြစ်ကြောင်း ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးနှင့် အမျိုးသမီး ကူညီစောင့်ရှေက်ရေးအဖွဲ့မှ သိရသည်။
#တရားခံ #atchadet_Wongthabutr

No comments:

Post a Comment