မြန်မာ့လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်(International Civil Aviation Organization - ICAO) ထံမှ လေကြောင်းဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ ဂုဏ်ပြုအသိအမှတ်ပြုလွှာကို ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ကြောင်း စက်တင်ဘာ(၃၀)ရက်က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ မီဒီယာတွေနဲ့တွေ့ဆုံစဉ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားခဲ့ကြောင်းသိရှိရသည်။
(၂၀၁၉)ခုနှစ် စက်တင်ဘာ(၂၄)ရက်က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်ရဲ့ အကြိမ်(၄၀)မြောက် ညီလာခံအခမ်းအနားမှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံထဲကနေ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အားထုတ်မှု အတွက် မြန်မာနိုင်ငံအပါအဝင် (၁၆)နိုင်ငံကို ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဦးရဲထွဋ်အောင်က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်ရဲ့ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး မြန်မာ့လေကြောင်းဦးစီးဌာနဟာ (၂၀၁၀)၊ (၂၀၁၃) နဲ့ (၂၀၁၈)ခုနှစ်တွေမှာ Continuous Monitoring Approach - CMA Audit အဖြစ် အစစ်ဆေးခံခဲ့ရတယ်လို့ ဦးရဲထွဋ်က ပြောခဲ့သည်။
(၂၀၁၈)ခုနှစ်ရဲ့ စစ်ဆေးချက်ရလာဒ် Final Report အရ ပျမ်းမျှရမှတ် (၇၀ ဒသမ ၀၃) ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မြန်မာ့လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသိရှိရပါသည်။

<<Zawgyi>>
လေကြောင်းဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ ဂုဏ်ပြုဆု မြန်မာ့လေကြောင်း ရရှိ
Tuesday, October 1, 2019

#Myanmar_Online_News #မြန်မာ့လေကြောင်းပို့ဆောင်ရေး #International_Civil_Aviation_Organization
No comments:
Post a Comment