Thursday, September 26, 2019

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားရွိထားေၾကာင္း စြပ္စြဲခံထားရသူ စစ္ျပန္တစ္ဦးကို စစ္ဦးခ်ဳပ္ခန္႔သည့္ သီရိလကၤာစစ္တပ္ကို ကုလ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မွ ဆိုင္းငံ့

Image may contain: 1 person, outdoor

စက္တင္ဘာလ ၂၅ ရက္ေန႔တြင္ကုလသမဂၢမွ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားရွိထားေၾကာင္း စြပ္စြဲခံထားရသူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးအား ႏိုင္ငံ၏ စစ္ဦးစီးခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့ာမႈေၾကာင့္ သီရိလကၤာစစ္တပ္ကို ကုလသမဂၢ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္အျဖစ္မွ ဆိုင္းငံ့လိုက္ေၾကာင္း သိရွိရသည္။

သီရိလကၤာ သမၼတသည္ ၾသဂုတ္လအတြင္းတြင္ စစ္ျပန္တစ္ဦးျဖစ္ေသာဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရွာဗန္ဒရာဆီလ္ဗာအား စစ္ဦးခ်ဳပ္အျဖစ္ ခန္႕အပ္တာဝန္ေပးခဲ့ျခင္းျဖစ္ၿပီး ဆိုးဝါးသည့္ လူအခြင့္အေရး ခ်ိဳးေဖာက္မႈစြဲခ်က္မ်ား ရွိထားသူတစ္ဦးကို ရာထူးခန္႔အပ္လိုက္တဲ့အေပၚ အေမရိကန္ ျပည္ေထာင္စုနွင့္ ကုလသမဂၢတို႔မွ အျပင္းအထန္ေဝဖန္ခဲ့ၾကေၾကာင္း သိရွိရသည္။
ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ၊ လူ႔အခြင့္အေရး ဥပေဒေတြအေပၚ ဆိုးဝါးစြာ ခ်ိဳးေဖာက္ခဲ့မႈမွာ ပါဝင္ပတ္သက္ေနတယ္ဆိုတဲ့ ယုံၾကည္ေလာက္တဲ့ စြဲဆိုခ်က္ေတြရွိကာ အေထာက္အထားေကာင္းေတြလည္း ရွိထားေပမယ့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရွာဗင္ဒရာ ဆီလ္ဗာကို သီရိလကၤာစစ္တပ္ရဲ႕ ဦးစီးခ်ဳပ္ေနရာ ခန႔္လိုက္တဲ့အေပၚ မိမိတို႔ရဲ႕ စိုးရိမ္ပူပန္မႈကို သီရိလကၤာ အစိုးရသို႔ သိေစအပ္ေၾကာင္း ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ ဖာဟန္ ဟက္က နယူးေယယာက္မွာ ေျပာဆိုခဲ့ပါတယ္။ ယင္း ရာထူးခန္႔အပ္မႈနဲ႔ပတ္သက္ၿပီး ကုလသမဂၢ စီမံခ်က္ေတြမွာ သီရိလကၤာစစ္တပ္ ေနရာခ်ထားျခင္းအား ကုလသမဂၢ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕က ဆိုင္းငံ့လိုက္ေၾကာင္း ထုတ္ျပန္ခဲ့တာျဖစ္ေၾကာင္းသိရွိရသည္။
အသက္ ၅၅ ႏွစ္အ႐ြယ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဆီလ္ဗာဟာ သီရိလကၤာႏိုင္ငံ၏ ၂၆ ႏွစ္ၾကာ ရက္စက္ေသာ ျပည္တြင္းစစ္ အဆုံးသတ္ တိုက္ပြဲကာလမ်ားတြင္ တမီလ္က်ား သူပုန္မ်ားအား ေခ်မႈန္းခဲ့သည့္ တပ္မတစ္ခုကို ေအာင္ျမင္စြာ ဦးေဆာင္ႏိုင္ခဲ့သူအျဖစ္ ခ်ီးက်ဴးခံထားရသူျဖစ္ပါတယ္။ဆီလ္ဗာဟာ ၁၉၈၄ ခုႏွစ္မွာ စစ္ထဲဝင္ခဲ့သူျဖစ္ကာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ စစ္ဦးစီးခ်ဳပ္ ခန္႔အပ္ခံခဲ့ရၿပီး ၎အေပၚ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့ေၾကာင္းသိရွိရပါသည္။
Image may contain: 1 person, hat and closeup
Image may contain: one or more people
Ref-#CNA

<<Unicode>>
လူ့အခွင့်အရေး ချိုးဖောက်မှုများရှိထားကြောင်း စွပ်စွဲခံထားရသူ စစ်ပြန်တစ်ဦးကို စစ်ဦးချုပ်ခန့်သည့် သီရိလင်္ကာစစ်တပ်ကို ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်မှ ဆိုင်းငံ့
Friday, September 27, 2019

စက်တင်ဘာလ ၂၅ ရက်နေ့တွင်ကုလသမဂ္ဂမှ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိထားကြောင်း စွပ်စွဲခံထားရသူ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးအား နိုင်ငံ၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ာမှုကြောင့် သီရိလင်္ကာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။
သီရိလင်္ကာ သမ္မတသည် သြဂုတ်လအတွင်းတွင် စစ်ပြန်တစ်ဦးဖြစ်သောဒုတိယ ဗိုလ်ချုပ်ကြီး ရှာဗန်ဒရာဆီလ်ဗာအား စစ်ဦးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ဆိုးဝါးသည့် လူအခွင့်အရေး ချိုးဖောက်မှုစွဲချက်များ ရှိထားသူတစ်ဦးကို ရာထူးခန့်အပ်လိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့မှ အပြင်းအထန်ဝေဖန်ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတကာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ဥပဒေတွေအပေါ် ဆိုးဝါးစွာ ချိုးဖောက်ခဲ့မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ စွဲဆိုချက်တွေရှိကာ အထောက်အထားကောင်းတွေလည်း ရှိထားပေမယ့် ဒုတိယ ဗိုလ်ချုပ်ကြီး ရှာဗင်ဒရာ ဆီလ်ဗာကို သီရိလင်္ကာစစ်တပ်ရဲ့ ဦးစီးချုပ်နေရာ ခန့်လိုက်တဲ့အပေါ် မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုကို သီရိလင်္ကာ အစိုးရသို့ သိစေအပ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က နယူးယေယာက်မှာ ပြောဆိုခဲ့ပါတယ်။ ယင်း ရာထူးခန့်အပ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ စီမံချက်တွေမှာ သီရိလင်္ကာစစ်တပ် နေရာချထားခြင်းအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့က ဆိုင်းငံ့လိုက်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ကြောင်းသိရှိရသည်။
အသက် ၅၅ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆီလ်ဗာဟာ သီရိလင်္ကာနိုင်ငံ၏ ၂၆ နှစ်ကြာ ရက်စက်သော ပြည်တွင်းစစ် အဆုံးသတ် တိုက်ပွဲကာလများတွင် တမီလ်ကျား သူပုန်များအား ချေမှုန်းခဲ့သည့် တပ်မတစ်ခုကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သူအဖြစ် ချီးကျူးခံထားရသူဖြစ်ပါတယ်။ဆီလ်ဗာဟာ ၁၉၈၄ ခုနှစ်မှာ စစ်ထဲဝင်ခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စစ်ဦးစီးချုပ် ခန့်အပ်ခံခဲ့ရပြီး ၎င်းအပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြောင်းသိရှိရပါသည်။
Ref-#CNA

No comments:

Post a Comment