ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် လက္ကာ ကျေးရွာအနီးသို့အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့် အယှက် ပြုလုပ်လျက်ရှိသည့် AA အဖွဲ့မှ နေရာ သုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် AA အဖွဲ့ဝင်များသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲတွင် တပ်မတော်မှ စစ်သည်အချို့ကျဆုံးပြီးAA အလောင်း (၉)လောင်းရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် AA အဖွဲ့မှ အားကစား အင်္ကျီ၊ ဘောင်းဘီများဝတ်ဆင်ထားသည့် အလောင်း ကိုးလောင်း၊ အမ်(၂၂)သေနတ်ခြောက်လက်၊ ၎င်းကျည် ၅၂၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံးခုနစ်လုံး၊ အီနာဂါဗုံးသီး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက် ရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ဆက်လက်၍တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
<<Zawgyi>>
မြောက်ဦးမြို့၌ တပ်မတော်နှင့်AAတိုက်ပွဲဖြစ်ပွားရာ AAလက်နက်ကိုင်အဖွဲ့မှ အလောင်း (၉)လောင်းရရှိဟုတပ်မတော်မှ သတင်းထုတ်ပြန်
Tuesday , October 22 , 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် လက္ကာ ကျေးရွာအနီးသို့အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့် အယှက် ပြုလုပ်လျက်ရှိသည့် AA အဖွဲ့မှ နေရာ သုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် AA အဖွဲ့ဝင်များသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲတွင် တပ်မတော်မှ စစ်သည်အချို့ကျဆုံးပြီးAA အလောင်း (၉)လောင်းရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် AA အဖွဲ့မှ အားကစား အကျႌ၊ ဘောင်းဘီများဝတ်ဆင်ထားသည့် အလောင်း ကိုးလောင်း၊ အမ်(၂၂)သေနတ်ခြောက်လက်၊ ၎င်းကျည် ၅၂၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံးခုနစ်လုံး၊ အီနာဂါဗုံးသီး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက် ရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ဆက်လက်၍တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment