ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ စစ်အောင်ကျေးရွာ အနီးရှိ ရေကန်အနီးသို့အရောက်၌ အရပ်ဝတ်ဖြင့် မသင်္ကာဖွယ် လူတစ်ဦးမှ မိမိစစ်ကြောင်း သွားလာမှုများအား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိသူသည် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာရှိ တာဝန်ရှိသူများနှင့် အတူ စစ်ဆေးမှုများပြုလုပ်ရာအဆိုပါကျေးရွာမှ အရက်ချက်လုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ကြည်(ဘ) ဦးမောင်မွေးထွန်း ဆိုသူဖြစ်ပြီး ၎င်း၏ ဝတ်ဆင်ထားသည့် ပုဆိုးအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အဆိုပါဖုန်းများ အတွင်းရှိ Messenger မှ မိမိစစ်ကြောင်းများ၏ လှုပ်ရှား သွားလာမှုများအား အခြားဖုန်းတစ်လုံးသို့ ပြောဆိုပေးပို့ထားသည့် စာများနှင့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ အများပြည်သူများ ဖြတ်သန်းသွားလာနေသည့် လမ်းများအား မိုင်းထောင်ခြင်းများအပြင် ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့် သတင်းရယူပေးပို့ နေမှုများအား ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သတင်း ရရှိသည်။
<zawgyi>
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာ အတွင်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူတစ်ဦး ပစ်ခတ်ဖမ်းဆီး
Thursday ,October 17 ,2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ စစ်အောင်ကျေးရွာ အနီးရှိ ရေကန်အနီးသို့အရောက်၌ အရပ်ဝတ်ဖြင့် မသင်္ကာဖွယ် လူတစ်ဦးမှ မိမိစစ်ကြောင်း သွားလာမှုများအား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိသူသည် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာရှိ တာဝန်ရှိသူများနှင့် အတူ စစ်ဆေးမှုများပြုလုပ်ရာအဆိုပါကျေးရွာမှ အရက်ချက်လုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ကြည်(ဘ) ဦးမောင်မွေးထွန်း ဆိုသူဖြစ်ပြီး ၎င်း၏ ဝတ်ဆင်ထားသည့် ပုဆိုးအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အဆိုပါဖုန်းများ အတွင်းရှိ Messenger မှ မိမိစစ်ကြောင်းများ၏ လှုပ်ရှား သွားလာမှုများအား အခြားဖုန်းတစ်လုံးသို့ ပြောဆိုပေးပို့ထားသည့် စာများနှင့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ အများပြည်သူများ ဖြတ်သန်းသွားလာနေသည့် လမ်းများအား မိုင်းထောင်ခြင်းများအပြင် ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့် သတင်းရယူပေးပို့ နေမှုများအား ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment