Saturday, October 19, 2019

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ယောက်ဖ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဖမ်းခံရ

Image may contain: 1 person

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ နှမ၊ ယောက်ဖနဲ့ သူတို့ရဲ့ လေးနှစ်အရွယ်သမီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ထွန်းမြတ်နိုင်ရဲ့နှမ မမိုးနှင်းဖြူက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အလည်သွားပြီးပြန်လာတဲ့ သူ့ခင်ပွန်း ကိုကျော်နိုင်နဲ့သမီးကို လေဆိပ်မှာ သွားကြိုတဲ့အချိန်မှာ အဖမ်းလိုက်တာဖြစ်ကြောင်း သိရှိရသည်။ ညဖက်မှာတော့ မမိုးနှင်းဖြူနဲ့သမီးကို သူတို့နေတဲ့ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်နဲ့ခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားခဲ့ပြီးတဲ့နောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားတယ်လို့ပြောပါတယ်။
ထွန်းမြတ်နိုင်နဲ့ပတ်သက်လို့ ညီဖြစ်တဲ့ ကိုအောင်မြတ်ကျော်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့ ကတည်းကဖမ်းထားပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားသလို၊ အခုတစ်ခါ နှမတစ်ယောက်ကို ထပ်ဖမ်းတဲ့အတွက် ကျန်တဲ့ ညီအကိုမောင်နှမတွေအားလုံး စိုးရိမ်ထိပ်လန့်နေကြတယ်လို့ ပြောပါတယ်။ မနေ့ကအဖမ်းခံလိုက်ရတဲ့ မမိုးနှင်းဖြူတို့ဇနီးမောင်နှံမှာ အသက် ၁၀ အရွယ်နဲ့ ၄ နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး အခုတော့ ဆွေမျိုးတွေကစောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။
<zawgyi>
AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ယောက်ဖ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဖမ်းခံရ
Sunday , October 20 , 2019

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ နှမ၊ ယောက်ဖနဲ့ သူတို့ရဲ့ လေးနှစ်အရွယ်သမီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ထွန်းမြတ်နိုင်ရဲ့နှမ မမိုးနှင်းဖြူက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အလည်သွားပြီးပြန်လာတဲ့ သူ့ခင်ပွန်း ကိုကျော်နိုင်နဲ့သမီးကို လေဆိပ်မှာ သွားကြိုတဲ့အချိန်မှာ အဖမ်းလိုက်တာဖြစ်ကြောင်း သိရှိရသည်။ ညဖက်မှာတော့ မမိုးနှင်းဖြူနဲ့သမီးကို သူတို့နေတဲ့ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်နဲ့ခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားခဲ့ပြီးတဲ့နောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားတယ်လို့ပြောပါတယ်။
ထွန်းမြတ်နိုင်နဲ့ပတ်သက်လို့ ညီဖြစ်တဲ့ ကိုအောင်မြတ်ကျော်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့ ကတည်းကဖမ်းထားပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားသလို၊ အခုတစ်ခါ နှမတစ်ယောက်ကို ထပ်ဖမ်းတဲ့အတွက် ကျန်တဲ့ ညီအကိုမောင်နှမတွေအားလုံး စိုးရိမ်ထိပ်လန့်နေကြတယ်လို့ ပြောပါတယ်။ မနေ့ကအဖမ်းခံလိုက်ရတဲ့ မမိုးနှင်းဖြူတို့ဇနီးမောင်နှံမှာ အသက် ၁၀ အရွယ်နဲ့ ၄ နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး အခုတော့ ဆွေမျိုးတွေကစောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment