အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူ အောင်မြတ်ကျော်အပါအဝင်ရှစ်ဦးအမှုကို ရုံးထုတ်ခဲ့ပြီး ၎င်းအမှုမှ တရားလိုရဲမှူး တင့်ရွှေအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
လာမည့်ရုံးချိန်းကို အောက်တိုဘာ ၁၀ ရက်၊ ကြာသာပတေးနေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုရဲမှူး တင့်ရွှေကိုပင် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
သီးခြားတရားစွဲဆို ခံထားရသည့် ကိုအောင်မျိုးဝင်း အမှုကိုမူ မစစ်ဆေးသေးဘဲ သီးသန့်ရုံးချိန်း ချိန်းဆိုစစ်ဆေးမည် ဖြစ်ကြောင်း သိရပြီး AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများ အမှုတွဲကို ရှုပ်ထွေးအမှုဟု သတ်မှတ်ပြီး ရက်ပေါင်း ၂၇၀ (ကိုးလ) အတွင်းအပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
Friday, October 4, 2019

#Myanmar_Online_News #AA
No comments:
Post a Comment