Tuesday, October 22, 2019

AYA Bank မှ မြန်မာ့လက်ရွေးစင်အသင်း နည်းပြများခန့်အပ်ရန်အတွက် စပွန်ဆာအဖြစ် ပံ့ပိုး

မြန်မာ့လက်ရွေးစင်အသင်း နည်းပြများအတွက် AYA Bank မှ စပွန်ဆာအဖြစ် ပံ့ပိုးခြင်း စာချုပ်ပွဲအခမ်းအနားကို MFF ရုံးချုပ်၌ ကျင်းပရာ AYA Bank နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MFF စပွန်ဆာများ၊ မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက လက်ရွေးစင်အသင်းအား ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် AYA Bank ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်၊ ဦးအောင်မျိုးစော (Head of Corporate Affairs)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က စပွန်ဆာစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။
AYA Bank အနေဖြင့် မြန်မာ့ ဘောလုံးလောကအတွက် MFF Official Partner အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများအား Title Sponsor အဖြစ်လည်းကောင်း အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပြီး ယခု မြန်မာ့လက်ရွေးစင် အသင်းနည်းပြများ ခန့်အပ်ခေါ်ယူရာတွင် လစာငွေနှင့် အခြားနည်းစနစ်ပိုင်းဆိုင်ရာ ငွေကြေးသုံးစွဲမှုများအတွက် စပွန်ဆာ အဖြစ် ပံ့ပိုးကူညီခြင်း ဖြစ်သည်။
<<Zawgyi>>
AYA Bank မှ မြန်မာ့လက်ရွေးစင်အသင်း နည်းပြများခန့်အပ်ရန်အတွက် စပွန်ဆာအဖြစ် ပံ့ပိုး
Wednesday , October 23 , 2019

မြန်မာ့လက်ရွေးစင်အသင်း နည်းပြများအတွက် AYA Bank မှ စပွန်ဆာအဖြစ် ပံ့ပိုးခြင်း စာချုပ်ပွဲအခမ်းအနားကို MFF ရုံးချုပ်၌ ကျင်းပရာ AYA Bank နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MFF စပွန်ဆာများ၊ မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက လက်ရွေးစင်အသင်းအား ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် AYA Bank ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်၊ ဦးအောင်မျိုးစော (Head of Corporate Affairs)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က စပွန်ဆာစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။
AYA Bank အနေဖြင့် မြန်မာ့ ဘောလုံးလောကအတွက် MFF Official Partner အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများအား Title Sponsor အဖြစ်လည်းကောင်း အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပြီး ယခု မြန်မာ့လက်ရွေးစင် အသင်းနည်းပြများ ခန့်အပ်ခေါ်ယူရာတွင် လစာငွေနှင့် အခြားနည်းစနစ်ပိုင်းဆိုင်ရာ ငွေကြေးသုံးစွဲမှုများအတွက် စပွန်ဆာ အဖြစ် ပံ့ပိုးကူညီခြင်း ဖြစ်သည်။

0 comments:

Post a Comment