ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အာဏာရ Awami League ပါတီမှ အမျိုးသမီးလွှတ်တော်အမတ် တာမန်နာနူဆာရတ်သည် စာမေးပွဲ ၁၃ ခုတွင် သူမနှင့် ရုပ်ဆင်တူသူ ရှစ်ဦးကို ငှားရမ်းပြီး အစားထိုးဖြေခိုင်းခဲ့သဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်ကို ပုဂ္ဂလိကရုပ်သံ Nagorik TV က စာမေးပွဲခန်းမအတွင်း ရိုက်ကူးရေး လုပ်ရာမှ တာမန်နာအဖြစ် အစားထိုးဝင်ရောက်ဖြေဆိုနေသော အမျိုးသမီးကို ရိုက်ကူးထုတ်လွှင့်မိရာမှတဆင့် အဆိုပါ ရုပ်သံသည် အွန်လိုင်းမှာ ပြန့်နှံ့သွားပြီး တာမန်နာရဲ့ စာမေးပွဲကို လူစားထိုးဖြေခိုင်းတယ်ဆိုသော အရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၈ခုနှစ်က လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ တာမန်နာသည် Bangladesh Open University BOU တွင် အနုပညာဘွဲ့အတွက် သင်ယူနေတာ ဖြစ်သည်။
<<Zawgyi>>
စာမေးပွဲ ၁၃ ခုကို အစားထိုးဖြေခိုင်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးလွှတ်တော်အမတ် ကျောင်းထုတ်ခံရ
Tuesday , October 22 , 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အာဏာရ Awami League ပါတီမှ အမျိုးသမီးလွှတ်တော်အမတ် တာမန်နာနူဆာရတ်သည် စာမေးပွဲ ၁၃ ခုတွင် သူမနှင့် ရုပ်ဆင်တူသူ ရှစ်ဦးကို ငှားရမ်းပြီး အစားထိုးဖြေခိုင်းခဲ့သဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်ကို ပုဂ္ဂလိကရုပ်သံ Nagorik TV က စာမေးပွဲခန်းမအတွင်း ရိုက်ကူးရေး လုပ်ရာမှ တာမန်နာအဖြစ် အစားထိုးဝင်ရောက်ဖြေဆိုနေသော အမျိုးသမီးကို ရိုက်ကူးထုတ်လွှင့်မိရာမှတဆင့် အဆိုပါ ရုပ်သံသည် အွန်လိုင်းမှာ ပြန့်နှံ့သွားပြီး တာမန်နာရဲ့ စာမေးပွဲကို လူစားထိုးဖြေခိုင်းတယ်ဆိုသော အရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၈ခုနှစ်က လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ တာမန်နာသည် Bangladesh Open University BOU တွင် အနုပညာဘွဲ့အတွက် သင်ယူနေတာ ဖြစ်သည်။

0 comments:
Post a Comment