Sunday, October 20, 2019

ကျောင်းဆရာ/ဆရာမများ နိုင်ငံခြားပညာသင်ဆုများကို လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီး ကမ်းလှမ်းပြောကြား

Image may contain: 4 people, people standing

နိုင်ငံခြားပညာသင်ဆုများကို ဆရာ၊ဆရာမများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကမ်းလှမ်းပြောကြားလိုက်သည်။
နေပြည်တော်တွင် အောက်တိုဘာ ၁၈ရက်က ကျင်းပသော တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြားပညာသင်ဆုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစေလွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံခြားပညာသင်ဆု လျှောက်ထားလိုသော ဆရာဆရာမများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်ကြောင်း’’ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၊ဒီဂရီ ကောလိပ်ပေါင်းတစ်ရာကျော်တွင် ဆရာ၊ဆရာမပေါင်း နှစ်သောင်းကျော်ရှိပြီး အခြေခံပညာတွင် ကျောင်းပေါင်း လေးသောင်းကျော်ရှိကာ ဆရာဆရာမပေါင်း လေးသိန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီစသည့်နိုင်ငံများသို့ ပညာတော်သင်အများဆုံး စေလွှတ်လျက်ရှိကြောင်း သိရသည်။
<zawgyi>
ကျောင်းဆရာ/ဆရာမများ နိုင်ငံခြားပညာသင်ဆုများကို လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီး ကမ်းလှမ်းပြောကြား
Monday , October 21 , 2019

နိုင်ငံခြားပညာသင်ဆုများကို ဆရာ၊ဆရာမများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကမ်းလှမ်းပြောကြားလိုက်သည်။
နေပြည်တော်တွင် အောက်တိုဘာ ၁၈ရက်က ကျင်းပသော တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြားပညာသင်ဆုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစေလွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံခြားပညာသင်ဆု လျှောက်ထားလိုသော ဆရာဆရာမများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်ကြောင်း’’ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၊ဒီဂရီ ကောလိပ်ပေါင်းတစ်ရာကျော်တွင် ဆရာ၊ဆရာမပေါင်း နှစ်သောင်းကျော်ရှိပြီး အခြေခံပညာတွင် ကျောင်းပေါင်း လေးသောင်းကျော်ရှိကာ ဆရာဆရာမပေါင်း လေးသိန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီစသည့်နိုင်ငံများသို့ ပညာတော်သင်အများဆုံး စေလွှတ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment