Monday, October 21, 2019

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် စက်ရုံမှ သံချပ်ကာကားများ ကိုယ်ပိုင်ထုတ်လုပ်သွားမည်

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် စက်ကရိယာအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ (BMTF) ဟာ လာမယ့်နှစ်မှာ သံချပ်ကာယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို ဖွင့်လှစ်သွားမယ်လို့ ဘင်္ဂလားဒေ့ရ်ှစစ်ဘက်ဆိုင်ရာ ဆိုရှယ်မီဒီယာ Facebook Page တစ်ခုဖြစ်တဲ့ Bangladesh Defence & Security Analysis ကဖော်ပြထားပါတယ်။
အဲဒီစက်ရုံဟာ ဘင်္ဂလားဒေ့ရ်ှသမိုင်းမှာ သံချပ်ကာကားထုတ်လုပ်တဲ့ ပထမဦးဆုံးစက်ရုံအဖြစ် မှတ်တမ်းဝင်မှာလည်းဖြစ်ပါတယ်။ စက်ရုံလည်ပတ်ရေးအတွက် အနောက်နိုင်ငံကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် အကြီးစား စက်ကိရိယာထုတ်လုပ်တဲ့စက်ရုံ BMTF က ထုတ်လုပ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပြည်ပကိုလည်း တင်ပို့လျက်ရှိနေပါတယ်။ များမကြာသေးခင်ကာလက မော်ဒိုက်စစ်တပ်အသုံးပြုဖို့အတွက် စစ်ဘက်ဆိုင်ရာ ကင်းလှည့်မော်တော်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က လှူဒါန်းထားပါတယ်။
Image may contain: outdoor
Image may contain: outdoor
Ref; Bangladesh Defence & Security Analysis
<zawgyi>
ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် စက်ရုံမှ သံချပ်ကာကားများ ကိုယ်ပိုင်ထုတ်လုပ်သွားမည်
Tuesday , October 22 , 2019
ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် စက်ကရိယာအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ (BMTF) ဟာ လာမယ့်နှစ်မှာ သံချပ်ကာယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို ဖွင့်လှစ်သွားမယ်လို့ ဘင်္ဂလားဒေ့ရ်ှစစ်ဘက်ဆိုင်ရာ ဆိုရှယ်မီဒီယာ Facebook Page တစ်ခုဖြစ်တဲ့ Bangladesh Defence & Security Analysis ကဖော်ပြထားပါတယ်။
အဲဒီစက်ရုံဟာ ဘင်္ဂလားဒေ့ရ်ှသမိုင်းမှာ သံချပ်ကာကားထုတ်လုပ်တဲ့ ပထမဦးဆုံးစက်ရုံအဖြစ် မှတ်တမ်းဝင်မှာလည်းဖြစ်ပါတယ်။ စက်ရုံလည်ပတ်ရေးအတွက် အနောက်နိုင်ငံကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ပိုင် အကြီးစား စက်ကိရိယာထုတ်လုပ်တဲ့စက်ရုံ BMTF က ထုတ်လုပ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပြည်ပကိုလည်း တင်ပို့လျက်ရှိနေပါတယ်။ များမကြာသေးခင်ကာလက မော်ဒိုက်စစ်တပ်အသုံးပြုဖို့အတွက် စစ်ဘက်ဆိုင်ရာ ကင်းလှည့်မော်တော်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က လှူဒါန်းထားပါတယ်။
Ref; Bangladesh Defence & Security Analysis
#Myanmar_Online_News

No comments:

Post a Comment