ကျောင်းသားကျောင်းသူများသည် စာလေ့လာရာတွင် အခက်အခဲများရှိနေပြီး လျှပ်စစ်မီးများမရရှိသောကြောင့် ဖယောင်းတိုင်မီးများကိုသာ အသုံးပြု၍ စာပေများကို လေ့လာနေရကြောင်း သတင်းရရှိသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါပဲ့ကျေးရွာမှာ မီးမရရှိသေးသည့်အပြင် အစိုး၏ ဆိုလာပစ္စည်း ထောက်ပံ့ရေး အစီအစဉ်တွင်လည်း မပါသောကြောင့် ကျောင်းသား ကျောင်းသူများမှာ စာလေ့လာရာတွင် ခက်ခဲမှုများရှိနေကြောင်း ဆရာမများထံမှ သိရသည်။
“ကျောင်းမှာ ကလေးက ၃၀ လောက်ရှိတယ်။ ရွာကမီးမရတဲ့ အခါကျတော့ ဖယောင်းတိုင်ပဲ သုံးရနေရတယ်။ အစိုးရပေးတဲ့ ဆိုလာ ကျွန်မတို့ ဘာလို့မရလဲမသိဘူး။ ကျွန်မတို့ထက်ဝေးတဲ့ရွာတွေ ရတယ်လေ။ ရွာက ဘက်ထရီအိုး အားသွင်းချင်ရင် ၁၈ မိုင်ဝေးတဲ့ ငွေတောင်ထိ သွားသွင်းရတယ်။ အခုရွာလူကြီးတွေက ကျောင်းအတွက် ဘက်ထရီတစ်အိုး လုပ်ပေးမယ် ပြောတယ်လေ” ဟု ဆရာမ ဒေါ်ကက်က ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက်တွင် လွိုင်ကော်မြို့ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမဆောင်တွင် အခြေခံပညာကျောင်းများ ဆိုလာစနစ်ဖြင့် မီးအသုံးပြုနိုင်ရေးအတွက် အခြေခံပညာကျောင်း ၃၅ ကျောင်းအား ပြည်နယ်ဝန်ကြီးချုပ်က ဆိုလာပြားများ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
<Zawgyi>
ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်၊ ဒေါ့ပဲကျေးရွာတွင် အစိုးရ၏ ဆိုလာပစ္စည်းထောက်ပံ့ရေးအစီအစဉ်တွင် မပါဝင်သောကြောင့် ကျောင်းသား/သူများ ခက်ခဲမှုများရှိနေ
Friday, October 4, 2019
ကျောင်းသားကျောင်းသူများသည် စာလေ့လာရာတွင် အခက်အခဲများရှိနေပြီး လျှပ်စစ်မီးများမရရှိသောကြောင့် ဖယောင်းတိုင်မီးများကိုသာ အသုံးပြု၍ စာပေများကို လေ့လာနေရကြောင်း သတင်းရရှိသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါပဲ့ကျေးရွာမှာ မီးမရရှိသေးသည့်အပြင် အစိုး၏ ဆိုလာပစ္စည်း ထောက်ပံ့ရေး အစီအစဉ်တွင်လည်း မပါသောကြောင့် ကျောင်းသား ကျောင်းသူများမှာ စာလေ့လာရာတွင် ခက်ခဲမှုများရှိနေကြောင်း ဆရာမများထံမှ သိရသည်။
“ကျောင်းမှာ ကလေးက ၃၀ လောက်ရှိတယ်။ ရွာကမီးမရတဲ့ အခါကျတော့ ဖယောင်းတိုင်ပဲ သုံးရနေရတယ်။ အစိုးရပေးတဲ့ ဆိုလာ ကျွန်မတို့ ဘာလို့မရလဲမသိဘူး။ ကျွန်မတို့ထက်ဝေးတဲ့ရွာတွေ ရတယ်လေ။ ရွာက ဘက်ထရီအိုး အားသွင်းချင်ရင် ၁၈ မိုင်ဝေးတဲ့ ငွေတောင်ထိ သွားသွင်းရတယ်။ အခုရွာလူကြီးတွေက ကျောင်းအတွက် ဘက်ထရီတစ်အိုး လုပ်ပေးမယ် ပြောတယ်လေ” ဟု ဆရာမ ဒေါ်ကက်က ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက်တွင် လွိုင်ကော်မြို့ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမဆောင်တွင် အခြေခံပညာကျောင်းများ ဆိုလာစနစ်ဖြင့် မီးအသုံးပြုနိုင်ရေးအတွက် အခြေခံပညာကျောင်း ၃၅ ကျောင်းအား ပြည်နယ်ဝန်ကြီးချုပ်က ဆိုလာပြားများ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#ကယားပြည်နယ် #ဒီမောဆို့ #ဆိုလာ #Myanmar_Online_News
No comments:
Post a Comment